EXO ချစ်သူတွေအတွက် ဆမ်ဆောင်း နဲ့ SM Entertainment တို့ ပူးပေါင်းပြီး EXO themed Galaxy S8 ထုတ်လုပ်ထားပြီး မကြာမီအချိန်အတွင်းမှာ စျေးကွက်ထဲရောက်လာတော့မှာပဲဖြစ်ပါတယ်။

နည်းပညာတွေအပြိုင်အဆိုင်တိုးတက်နေတဲ့ခေတ်ကြီးမှာ ကိုယ်ချစ်ရတဲ့ Idol တွေကိ်ု ကိုယ်နဲ့မကွာအမြဲပါနေသလိုခံစားရအောင် EXO themed Galaxy S8 ကိုဖန်တီးထားတာပဲဖြစ်ပါတယ်။

EXO လိုဂိုပါတဲ့ ဖုန်းကာဗာကို တပ်လိုက်တာနဲ့ ဖုန်းရဲ့ wallpaper က ချက်ချင်းပဲ EXO အဖွဲ့ဝင်တွေရဲ့ပုံ ပြောင်းလဲသွားမှာဖြစ်ပြီး ဖုန်းပေါ်က အပလီကေးရှင်းအိုင်ကွန်တွေကလည်း EXO လိုဂိုပုံစံ ပြောင်းလဲသွားမှာပါ။

ကိုယ်ကြိုက်နှစ်သက်ရာ EXO အဖွဲ့ဓာတ်ပုံတွေကိုလည်း ရွေးချယ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

Cover တပ်ဆင်လိုက်တာနဲ့ EXO အဖွဲ့ဝင်တွေနဲ့နီးကပ်သွားသလိုခံစားရမှာဖြစ်ပြီး EXO ပရိသတ်ကြီးအတွက်ကတော့ဖုန်းရဲ့ မူလထူးခြားချက်တွေ အပြင် တကယ် နှစ်ခြိုက်စရာပဲဖြစ်ပါတယ်။

ဖုန်းကာဗာကို ဖြုတ်လိုက်ချိန်မှာလည်း အဖွဲ့က နှုတ်ဆက်စကားပြောတဲ့ message လေး ပေါ်လာမှာပါ။ အဆိုပါ EXO Themed Galaxy S8 ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူနိုင်ပြီဖြစ်ပါတယ်။ EXO ဖုန်းကာဗာတွေကတော့ ကိုရီးယားမှာသာ ရရှိနိုင်ပါတယ်။

ကဲ မြန်မာပြည်က EXO ပရိသတ်ကြီးတွေရော ဝယ်ဖို့အဆင်သင့်ပဲလား

Source: Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။