အလှမယ် မြတ်သီရီလွင်(ခ)Bella ဟာ Miss Myanmar World 2016 ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ သင်္ကြန်အတက်နေ့က မော်ဒယ် မြတ်ပုဏ္ဏမီနိုင်နဲ့ Relationship ချိတ်ကာ Lesbian ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်တဲ့အပေါ်

လူမှုကွန်ယက်မှာပျံနှံသွားပြီး ထိုကိစ္စကို ပရိသတ်များက အံ့သြမှု ဝေဖန်ပြောဆိုမှုများနဲ့ လက်ခံအားပေးမှုအချို့ တွေကို လည်း ရရှိခဲ့ကြောင်းသိရပါတယ် ။ အမှန်တော့ သူမတို့နှစ်ယောက်ဟာတကယ်ချစ်သူတွေမဟုတ်ကြပါဘူး ။ အရမ်းချစ်ခင်တဲ့ သူငယ်ချင်းတွေပဲဖြစ်ကြပါတယ် ။

ပရိတ်သတ်တွေကိုစချင်စိတ်နဲ့ Relationship ကြေညာပြီးတဲ့နောက်မှာ ထို Post ကိုညတွင်းချင်းပဲပြန်ဖျက်ခဲ့ပါတယ် ။ စရုံစတဲ့ post ဖြစ်ပေမယ့် လှုမှုကွန်ယက်မှာပျံနှံသွားတဲ့အခါ ဝေဖန်မှုအမျိုးမျိုးကိုကြံုံတွေ့ခဲ့ရပါတယ် ။ ထိုကိစ္စအတွက် နှစ်ယောက်စလုံးက ပရိတ်သတ်ကို ပြန်လည်တောင်းပန်ခဲ့ပါတယ် ။

Lesbian နဲ့ Gay တို့ကို ရှုံချချင်စိတ်လုံးဝမရှိဘဲ ထောက်ခံအားပေးပါတယ်လို့ Bella က စံတော်ချိန်သတင်းစာကိုဖြေဆိုတဲ့ အင်တာဗျူးမှာ ထည့်သွင်းပြောကြားခဲ့သလို မြတ်ပုဏ္ဏမီနိုင်ကလဲ LGBT နဲ့ပတ်သက်ပြီး ထောက်ခံတယ် လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဆိုထားပါတယ် ။

Source : Duwun , Bella and Myat Ponnami Naing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။