ချင်းမုုိင်၊ ဧပြီလ ၁၈ ရက်။ ။ ထုုိင်းနုုိင်ငံတောင်ပုုိင်း လိပ်ကျွန်းတွင် ဗြိတိန်နုုိင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် သေဒဏ်ကျခံနေရသူ မြန်မာနုုိင်ငံသား နှစ်ဦး၏ အမှု နောက်ဆုုံး အယူခံ တင်ရန်အတွက် ထုုိင်းရှေ့နေများကောင်စီမှ ဧပြီလ ၁၈ ရက်က အချိန်တစ်လထပ်မံ တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်က အယူခံ တင်သွင်းရန်အတွက် အချိန်တလ တောင်းဆုုိခဲ့ပြီးနောက် အချိန်မလုုံလောက်သဖြင့် တစ်လ ထပ်မံ တောင်းဆုုိမှုကုုိ ကော့စမွေ တရားရုုံးက လက်ခံလုုိက်ပြီး လာမည့် မေလ ၂၃ ရက်မတုုိင်မီ ထုုိင်းတရားရုုံးချုပ်သုုိ့ အယူခံ တင်သွင်းနုုိင်ရန် ကြိုးစားနေသည်ဟုု မြန်မာသံရုုံးကုုိယ်စားလှယ်အဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အယူခံ တင်ဖိုု့အတွက်ကုုိ စီစဉ်မှုတွေ နည်းနည်း မပြည့်စုုံသေးလိုု့ ရက်တုုိးထပ်တောင်းတာ ဒီနေ့ တရားရုုံးကနေပြီးတော့ တလ ထပ်တုုိးခွင့် ပြုလုုိက်ပါတယ်။ ဒီတလထဲမှာတော့ တင်နုုိင်လိမ့်မယ်လုုိ့ ထင်ပါတယ်။ ဒီတလဆုုိတာက ၅ လပုုိင်း ၂၃ ရက်နေ့ထိ ရပါတယ်”ဟုု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္စျိမကုုိ ပြောသည်။

ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတိုု့၏ နောက်ဆုုံး အယူခံကုုိ တင်ရန် အချိန် ၂ လ တုုိးမြှင့်တောင်းဆုုိခဲ့ခြင်းဖြစ်ပြီး လာမည့် မေလ ၂၃ ရက်နေ့မတုုိင်မီရန် ကြိုးပမ်းနေသည်ဟုု သူက ပြောသည်။ 

ပြီးခဲ့သည့် မတ်လ ၂၆ ရက်မှ ၂၉ ရက်ထိ မြန်မာနုုိင်ငံ အစိုးရမှ စေလွတ်ခခဲ့သော ဥပဒေအကြုံပြုအဖွဲ့မှ ပြည်ထောင်စုု ရှေ့နေချုပ်ရုုံးမှ ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုုန်း၊ CID မှုခင်းဌာနမှ မှုခင်းဆုုိင်ရာကျွမ်းကျင်သူ ရဲမှူးကြီး ဦးစုုိးနုုိင်ဦးတုုိ့ ထုုိင်းနုုိင်ငံ ဘန်ကောက်မြို့သိုု့ ရောက်ရှိလာပြီး အမှုတွဲပါ အထောက်အထားများကုုိ လာရောက် ညှိနှိုင်းခဲ့သည်​ဟု ၎င်းက ​ပြောသည်​။

ဥပဒေအကြံပြုအဖွဲ့နှင့် ထုုိင်းရှေ့နေများကောင်စီတိုု့ တွေ့ဆုံညှိနှို်င်းချက်များ၊ ကုုိဇော်လင်းနှင့် ကုုိဝင်းဇော်ထွန်းတုုိ့အား သွားရောက်တွေ့ဆုုံကာ အထောက်အထား အချက်အလက်များ ကောက်ယူခဲ့ပြီး အယူခံ ပြင်ဆင်မှု အခြေအနေများကုုိ ဦးအောင်မျိုးသန့်က ပြောသည်။

သတင်းအရင်းမြစ် Mizzima news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။