သရုပ်ဆောင် အကယ်ဒမီရန်အောင်နဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ ညီအစ်မတွေကတော့ တောင်ကိုရီးယားကို ရောက်ရှိလို့နေတာဖြစ်ပါတယ်။

အလှအပဆိုင်ရာ ဆေးရုံကြေညာတစ်ခုအတွက် ရိုက်ကူးရေးလုပ်ဖို့ တောင်ကိုရီးယားကို ရောက်ရှိနေတာဖြစ်ပြီး သူတို့ရဲ့ခရီးသွားပုံရိပ်တွေကို လူမှုကွန်ယက်မှာ မျှဝေခဲ့ပါတယ်။

ပုံတွေထဲမှာတော့ နုနေဆဲဖြစ်ပြီး ရှားရှားပါးပါးအတူတွဲတွေ့ရတဲ့ စိုးမြတ်နန္ဒာ၊ စိုးမြတ်သူဇာတို့ညီအစ်မရယ်၊ ကိုရီးယားမင်းကြီးဝတ်စုံနဲ့တောင် ခန့်ချောလွန်းနေတဲ့ ရန်အောင်တို့ရယ်ကို ပျော်ပျော်ရွှင်ရွှင်တွေ့ရမှာဖြစ်ပါတယ်။

Source : facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။