မင်းမော်ကွန်းသည် ၁၉၇၉-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းဦးဌေးလွင်နှင့် ဒေါ်ခင်နွယ်နွယ်ထွန်းတို့မှ ရန်ကုန်မြို့တွင် မွေးဖွားသည်။ နာမည်ရင်းမှာ ကျော်ကျော်ဌေးလွင် ဖြစ်သည်။ အနုပညာလောကထဲသို့ (၇)နှစ်သားအရွယ်က စတင်ရင်းနှီးခဲ့ပြီး ၁၉၉၆-ခုနှစ်တွင် အရိပ် ဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက် လာသည်။ ဂီတဘက်တွင် အဆိုတော် အဖြစ်နှင့်လည်း မြေပဲယိုအဖွဲ့နှင့် မှတ်တိုင်ထူနိုင်ခဲ့သည်။ အ.ထ.က(၁)ဒဂုံမြို့နယ် ၏ ကျောင်းသားဟောင်းဖြစ်သည်။ 

အရပ် ၅ပေ၆လက်မ ဖြစ်သည်။ အိမ်ထောင်ရှိသည်။ သားတစ်ယောက် မွေးသည်။ တတိယမြောက် ရင်သွေးကို မတ်လ ၂၉ ၂၀၁၅ တွင် မွေးဖွားခဲ့သည်။

၂၀၀၁-ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုကို (နှလုံးလှလူမိုက်)ဇာတ်ကားဖြင့် ရရှိခဲ့သည်။

Source: မင်းမော်ကွန်းအကြောင်း စွယ်စုံကျမ်း

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။