ကဲ ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမင်းသမီးကြီးတွေရဲ့ သမီးချောချောလေးတွေ ပရိသတ်တွေချစ်ရတဲ့ ခေး လေးတွေအကြောင်း ပြောပြပေးမယ်နော်……

ပထမဆုံး အနေနဲ့ ပရိသတ်တွေရဲ့ အသည်းကျော် နာမည်ကြီး အကယ်ဒမီမင်းသားကြီး လွင်မိုးရဲ့ သမီးကြီး ယွန်းဝတီလွင်မိုး ကိုဖော်ပြပေးချင်ပါတယ်။ ယွန်းဝတီလွင်မိုးကတော့ လက်ရှိ နိုင်ငံခြားမှာ ကျောင်းတက်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ကြော်ငြာနဲ့ မဂ္ဂဇင်းတွေ ရိုက်ကူးမှုတွေ့ရှိရပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ များပြားလှပြီး အများစုကတော့ သူမရဲ့ live လွှင့်တဲ့အခါ ပြောတဲ့အသံလေးတွေ ပဲသိပ်မပါတဲ့ ဟန်ပန်လေးတွေကို အရမ်းချစ်တယ်လို့ ဆိုပါတယ် ပရိသတ်ကြီးရေ……

ဒုတိယတစ်ယောက်အနေနဲ့ကတော့ နာမည်ကြီးမင်းသမီး လင်းဇာနည်ဇော်ရဲ့ သမီးလေး မြူလင်းကိုကို ပဲဖြစ်ပါတယ်။ မြူလင်းကိုကိုကတော့ လက်ရှိမှာတော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ UTS မှာ ပညာသင်ယူနေတာ ဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ အနည်းငယ်သာ လုပ်ဆောင်ထားတာ တွေ့ရပါတယ်။ တစ်အိမ်လုံးရဲ့ အချစ်တော်မလေး လို့ သိရပြီး ပြည်ပရောက်နေတဲ့အတွက် မေမေလင်းဇာနည်ဇော်ကတော့ အလွမ်းကြီး လွမ်းနေတယ်လို့ ဆိုပါတယ်။ သူမကတော့ ချစ်စရာကောင်းတဲ့ ကလေးပုံစံလေးတွေ မေမေနဲ့တူတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေတာပဲဖြစ်ပါတယ်။

တတိယတစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့ အငယ်ဆုံး အကယ်ဒမီဆုရှင် မင်းသမီးချောလေး ယွန်းယွန်း ပဲဖြစ်ပါတယ်။ ယွန်းယွန်းဟာ အနုပညာပါရမီပါတာမို့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဖြစ်ခဲ့ပြီး ယခုချိန်မှာတော့ ဆယ်ကျော်သက် မင်းသမီးအရွယ်တောင် ရောက်လို့လာပါပြီ။ သူမဟာ လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ် စိတ်ပညာအထူးပြုဘာသာရပ်ကို သင်ယူနေပြီး ကျောင်းတဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လို့ နေပါတယ်။ မကြာမီက ထွက်ရှိထားသော ဇာတ်လမ်းတွဲ "မနေ့ကဖြစ်သည်" မှာတော့ ပရိသတ်တွေကြား အလွန်လူကြိုက်များခဲ့ပြီး ဒီဇာတ်ကားထဲက ယွန်းယွန်းရဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေကြား ပြောစမှတ်ပြုရလောက်အောင် ကောင်းမွန်ခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ နာမည်ကြီးမင်းသမီး ထပ်ဆင့်အကယ်ဒမီ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားပဲ ဖြစ်ပါတယ်။ စံထိပ်ထားလေးကတော့ အခု အသက် ၁၅ နှစ်သာ ရှိသေးတာဖြစ်ပြီး MISY မှာ ပညာသင်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်နဲ့အတူ ဆင်တူအကျင်္ ီလေးတွေ ဝတ်ပြီး မကြာခဏပွဲတက်လေ့ရှိတဲ့သူမကတော့ ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေကြား ရေပန်းစားနေပြီး အနုပညာလှုပ်ရှားမှုအနေနဲ့တော့ ကြော်ငြာနဲ့ ဓာတ်ပုံအချို့ ရိုက်ကူးလျက်ရှိပါတယ်။

ကဲ ပရိသတ်ကြီးရေ ဘယ်ခေးလေးကို အချစ်ဆုံးလည်း ပြောသွားကြအုနး်နော်……

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။