မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ အောင်ရဲလင်းကတော့ သာသနာ့ဘောင်ဝင်နေတယ်လို့ သူ့ရဲ့လူမှုစာမျက်နှာမှ တဆင့်သိရပါတယ်။

မြင့်မိုရ်ဆိုတဲ့ နာမည်နဲ့ အနုပညာလမ်းကြောင်းကို စတင်ဝင်ရောက်ခဲ့တဲ့ အောင်ရဲလင်းဟာ ယခုအချိန်မှာတော့ ပရိသတ်အချစ်တော် အထူးသဖြင့် မိန်းကလေးတွေရဲ့ အချစ်တော် မင်းသားတစ်လက်ဖြစ်လို့လာပါပြီ။ ပရိသတ် စသိခဲ့တဲ့ပုံစံကနေ လုံးဝခွဲထွက်ပြီး ဒီဇိုင်းခပ်မိုက်မိုက်ပုံစံနဲ့အတူ သရုပ်ဆောင်စွမ်းရည် သိသိသာသာတိုးတက်လာခဲ့ပြီး ယခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ကျရာဇာတ်ရုပ်ကနေ ပိုင်နိုင်စွာ သရုပ်ဆောင်လာနိုင်ပါပြီ။

အောင်ရဲလင်းဟာ ပြီးခဲ့တဲ့ အကယ်ဒမီမှာ ပရိသတ်တစ်ကြိုစာရင်းထဲမှာ ပါဝင်ခဲ့ပြီး ယခုလတ်တလောမှာတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကျော်ဇေယျထွန်းနဲ့အတူ ၁၉ ရက်နေ့က သာသနာ့ဘောင်ဝင်ခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ…

Photo Source: Aung Ye Lin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။