ဒီဖြစ်ရပ်လေးကတော့ ပြီးခဲ့တဲ့တနင်္လာနေ့က ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ အစိုးရမာဒူရို ကိုသစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကြားမှာ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းပဋိပက္ခတွေအတွင်းမှာတော့ အစိုးရမာဒူရိုကို သစ္စာခံတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို ရာဘာကျည်တွေအသုံးပြုပြီး ဖြိုခွင်းခဲ့ကြတာတွေ့ရပါတယ်။

၎င်းတပ်ဖွဲ့ဝင်တွေရဲ့ အခုလိုဖြိုခွင်းမှုကြောင့်တော့ အသက် ၁၆ နှစ်အရွယ်သာ ရှိသေးတဲ့ Rufo Valendria ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ပြင်းထန်တဲ့ ဝေဒနာတွေရရှိခဲ့တဲ့ ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။

လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ ပုံတွေထဲမှာတော့ Rufo ရဲ့ မျက်နှာဟာ ကျည်ဆန်တွေမှန်ပြီး သွေးတွေဗလပွနဲ့ဖြစ်နေတာတွေ့ရသလို မျက်နှာတစ်ခုလုံးလည်း ရစရာမရှိလောက်အောင် ဒဏ်ရာတွေရရှိထားတာတွေ့ရပါတယ်။

Daily Mail သတင်းဌာနရဲ့ သတင်းတပုဒ်မှာဆိုရင်လည်း Rufo ဟာ ၎င်းဒဏ်ရာတွေကြောင့်ဘဲ သူ့ရဲ့မျက်လုံးနှစ်လုံးလုံးဟာ ကန်းသွားခဲ့ပြီဖြစ်တယ်လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။

အခုလို အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မျက်လုံးနှစ်လုံးကန်းသွားတဲ့ Rufo ရဲ့ ဘဝလေးကတော့ အင်မတန်မှ ကြေကွဲစရာကောင်းလှပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။