သာဓုခေါ်ဖွယ်ရာ မင်းသား ဝေဠုကျော်ရဲ့အလှူ

ဦးဝေဠုကျော် (ဝေဠုကျော် ဖောင်ဒေးရှင်း)နှင့် သံတွဲကြက်ခြေနီတပ်ဖွဲ့ ဝင် များက မာရသာဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ အား ငပလီမြို့၌ ထောက်ပံ့ငွေများ ပေးအပ်

မာရသာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား မြန်မာ နိုင်ငံကြက်ခြေနီအသင်း အချိန်ပိုင်း အလုပ်အမှုဆောင် ဗဟိုကောင် စီဝင် ဦးဝေဠုကျော် (ဝေဠုကျော် ဖောင်ဒေးရှင်း)နှင့် သံတွဲကြက်ခြေနီတပ်ဖွဲ့ ဝင်များသည် ဧပြီလ (၁၈) ရက်နေ့ နေ့လည် (၂) နာရီအချိန်တွင် ပျက်စီး ဆုံးရှုံးခဲ့သည့် မိသားစုဝင်များ နှင့်တွေ့ဆုံ၍ ထောက်ပံ့ ငွေများ ပေးအပ် ခဲ့ကြောင်းသိရသည်။

ဧပြီလ(၁၆)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိမိ၍ သံတွဲပြည်သူ့ ဆေးရုံ တွင် အတွင်းလူနာအဖြစ် ဆေးကုသခံယူနေသည့် လူနာ အတွက် ထောက်ပံ့ကြေး ငွေကျပ် တစ်သိန်း ၊ ဂေါ့ရပ်ကွက်ရှိ အုန်းပင် ပိနေအိမ်အတွက် ငွေကျပ်ငါးသောင်း ၊ ဂျိတ္တောရပ်ကွက် ရှိ သစ်ပင်ပိခံရ သည့်နေ အိမ် အတွက် ငွေကျပ်လေးသောင်း ၊ သရော်တောကျေးရွာ ခေါင် မိုးလန် နေအိမ်အတွက် ငွေကျပ်လေးသောင်းတို့အား ထောက်ပံ့ကြေးများ သွားရောက် ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ သံတွဲခရိုင်ကြက်ခြေနီ ဦးစီးမှူး ဦးသန်းထွန်း(ဒုတိယတန်း)နှင့် တပ်ဖွဲ့ဝင် များ သည် ချောင်းလယ်တောကျေးရွာသို့သွားရောက်၍ ပျက်စီ ဆုံးရှုံး ခဲ့သည့် နေအိမ်မိသားစုဝင် များအတွက် Family kit နှင့် hygiene kit တို့ ပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်လို့ MOI WebPortal မှာရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။