ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရသူ မက်ဒရက်ရဲ့ ဝေးလ်စ် စူပါစတား ဂါးရက်ဘေးလ်ဟာ ဘာစီလိုနာနှင့် ကစားဖို့ သုံးရက်အလို၌ လေ့ကျင့်ခန်း စတင်ဆင်းနေနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
27 နှစ်သားဟာ ဘိုင်ယန်မြူးနစ်နှင့်် ချန်ပီယံလိဂ် ပကျော့ကစားစဉ် အဆိုပါ ဒဏ်ရာအား ရရှိခဲ့သူဖြစ်ပြီး မက်ဒရက်ရဲ့ အရေးပါတဲ့ ပွဲစဉ်အချို့အား လွဲချော်ခဲ့သူဖြစ်ပါတယ်။
နည်းပြ ဇီဒန်းမှ ဘေးလ်အနေဖြင့် ကလက်စီကိုပွဲရဲ့ လူစာရင်း၌ ပါဝင်လာကစားနိုင်မလားဆိုတာကို အတည်မပြုသေးပေမယ့် ဘေးလ်ပြန်လာနိုင်ခြင်းဟာ မက်ဒရက်အတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။