ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံအတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သြစတြေးလျကျောင်းသား အဲလက်ခ် ဆစ်ဂ်လေပြန်လွတ်လာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

သူဟာ ကနဦးဟာ ဘယ်သူနဲ့မှ အဆက်အသွယ်မရတော့တာကြောင့် ပျောက်ဆုံးတယ်လို့ ယူဆပြီးနောက်မှာမှ အာဏာပိုင်တွေက ဖမ်းဆီးထားမှန်းသိရှိခဲ့တာပဲဖြစ်ပါတယ်။

အခုပြန်လည်လွတ်မြောက်လာမှုကိုလည်း သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က သတင်းထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

မော်ရစ်ဆန်ဟာဆိုရင်လည်း မြောက်ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကနေ မစ္စတာ အဲလက်ခ် ဆစ်ဂ်လေ လွတ်မြောက်လာခဲ့ပြီဆိုတာ ကျနော်တို့ ဝမ်းသာစွာနဲ့ ကြေညာပေးချင်ပါတယ်။ သူဟာလက်ရှိအချိန်မှာ ကျန်းကျန်းမာမာနဲ့ ဘေးကင်းကင်းရှိနေပါတယ် လို့ပြောကြားခဲ့တာတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့လည်း မြောက်ကိုရီးယားနဲ့ သြစတြေးလျ နှစ်နိုင်ငံကြားမှာ သံတမန်အဆက်အသွယ်မရှိတာကြောင့် ဆွီဒင်နိုင်ငံက ကြားဝင်ဖြေရှင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

Source - Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။