ဂီတလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်ချမ်းချမ်းကတော့ သူမနဲ့တူတဲ့ချစ်စရာသမီးလေးတစ်ယောက်ကို မွေးဖွားထားတဲ့ မိခင်တစ်ယောက်ပဲဖြစ်ပါတယ်။ချမ်းချမ်းက တစ်ဦးတည်းသောသမီးလေးမြမိုးဂင်္ဂါကိုလည်း လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပြီး သာယာအေးချမ်းစွာနဲ့ ကြီးပြင်းလာအောင်လို့ အစွမ်းကုန်ကြိုးစားပေးနေတဲ့ မေမေတစ်ယောက်ပါနော်။

ချမ်းချမ်းက သမီးတစ်ယောက်အမေဖြစ်တာကြောင့် သက်ငယ်မုဒိန်းမှုနဲ့ပက်သက်ပြီး ယခုလိုပဲရေးသားထားပါတယ်နော်။"စိတ်တော့မရှိနဲ့.....မြနိမာနိုင်ငံမှာပဲ...မုဒိန်းမှုတေကို ထောင်ချရုံနဲ့ ပီးသွားတာ...ပြန်လွတ်လာတော့လဲပြန်ဖြစ်...ဒါနဲ့သံသရာလည်နေမှာ...ဥပဒေကိုလိုက်နာစေချင်ရင်မျှတတဲ့ ဥပဒေထုတ် အခုက မတရားမှုဖြစ်နေပီ...လူပိန်းတောင်နားလည်တဲ့အမှူကို ရှင်းမရအောင်ကြာနေတာဆိုတော့...တမှုပြီးတမှုဖြစ်နေတာ...ဖမ်းမိတဲ့ တရားခံတယောက်ကို တခြားနိုင်ငံတေမှာကျင့်သုံးသလိုပဲ ဆေးထိုးသတ်...ကွပ်မျက်မယ်ဆိုရင် မုဒိန့်းမှုတေလျော့လာမယ်..

တခါလေးပဲ ကွပ်မျက်ပြလိုက်..နောက်ဘယ်တော့မှမလုပ်ရဲဘူးဖြစ်သွားမယ်..ကလေးတွေကိုလူမဆန်စွာဖျက်စီးမှတော့ ဒီလိုတရားခံကိုလူဆန်စွာ ထားနေဖို့လိုသေးလို့လား...လူ့အခွင့်အရေးလို့ အော်နေတဲ့လူတွေ သိပ်စာနာနေရင်ကိုယ့်သားသမီးတေအလှည့်ကျမအော်ကြနဲ့နော်...တခါတလေ. ဘာလို့ဒီလိုဥပဒေ တရားရေးမမျှတ တဲ့ နိုင်ငံမှာလူဖြစ်ရလဲလို့ ကလေးတေအတွက်စဉ်းစားမိတယ်...တော်တော်စိတ်ကုန်စရာတိုင်းပြည်...အရာရာမတိုးတက်ပဲ မကောင်းတာတွေကျတိုးတက်လာတယ်"ဆိုပြီး သူမရဲ့အမြင်လေးကိုရေးသားထားပါတယ်နော်။

Source:Chan Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။