ဂရင်းလန်းရေခဲတောင်များမှ ရေခဲပျော်အခြေအနေသို့ ရောက်ရှိနေကြောင်းကို "စွတ်ဖွားခွေး၏ ရေမျက်နှာပြင်ပေါ်လမ်းလျှောက်နေတယ်လို့ထင်ရတဲ့" အံ့သြဖွယ် ဓာတ်ပုံမှတစ်ဆင့် လူမှုကွန်ယက်စာမျက်နှာများပေါ်သို့ ဖော်ပြသလိုဖြစ်သွားပြီး အများက "သိပ္ပံနည်းကျထက်ပိုပြီးတိကျတဲ့ သင်္ကေတ" လို့ဆိုစမှတ်ပြုခဲ့ကြပါတယ်...။

ဂရင်းလန်းနိုင်ငံ ပုံမှန်မဟုတ်တဲ့ "ပူနွေးတဲ့ နေ့တစ်နေ့မှာ" သိပ္ပံပညာရှင် "Steffen Olsen"က သူ့အဖွဲတွေပါဝင်စီးနင်းလိုက်ပါလာသောသင်္ဘောကြီးနဲ့ ရာသီဥတု အပူချိန်တိုင်း စက်ကိရိယာပစ္စည်းများကို ဦးဆောင်သယ်ယူလာပြီး စနစ်တကျ တိုင်းတာလေ့လာချက်များပြုလုပ်ပါတယ်...။ လုပ်ရိုး၊ လုပ်စဉ်အတိုင်း စွတ်ဖားခွေး အုပ်စုတစ်စုကိုလည်း ခေါ်လာပြီး သဘာဝအတိုင်း ရေခဲတောင်ကြီးရဲ့ အခြေအနေကို လေ့လာခဲ့ကြပါတယ်...။ သမုဒ္ဒရာနှင့် ဒိန်းမတ်မိုးလေဝသဌာန Institute မှာတာဝန်ထမ်းဆောင်နေတဲ့ "oslen" အဆိုပါလူက ရေခဲပြင်များရဲ့ အလယ်ဗဟိုတစ်နေရာသို့ ရောက်ရှိသွားတဲ့အချိန်မှာ" မိမိ ရှေ့ မှောက် ရေခဲပြင်နေရာ အနှံ့အပြားကနေ ရေခဲများအပ်ကွဲလာပြီး အရည်ပျော်ကာ ရေခဲပင်လယ်ပြင်အောက်ထဲသို့ နစ်မြုပ်တော့မလို" ဖြစ်ခဲ့တယ်ဆိုပြီး အံ့သြထိတ်လန့်ဖွယ် ဆိုထားပါတယ်...။

ဂရင်းလန်း၏မြောက်ဘက် ဟိုးအရင်အချိန်တွေတုန်းက ဆောင်းရာသီကာလများတွင် ခဲလုမတတ် အေးချမ်းခဲ့ပြီး အခုနောက်ပိုင်း တိုင်းတာချက်များအရ ပျမ်းမျှ "နှင်းကျမှုနှုန်းဟာ" သိသိသာသာလျော့ကျသွာပြီး အအေးပေါ့သွားတာတဲ့ခံစားချက်ကိုသာရရှိနေတာဖြစ်တယ်...။ ထုထည်ကြီးမားတဲ့ ရေခဲပြင်တွေ အလွှာပိုမိုပါးလားခြင်း၊ ပိုမိုလျင်မြန်စွာ ရေခဲတောင်တွေ အရည်ပျော်လာခြင်းဟာ "ဂရင်းလန်း" တစ်နေရာထဲမှာသာမဟုတ်ဘဲ နေရာအနှံ့အပြားတွင်ဖြစ်နေပြီး ကမ္ဘာကြီး ပူနွေးလာမှုလို့ဆိုရပေမည်...။

Source ati 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။