ပရိသတ်ကြီးရေ.. MRTV-4 ကနေ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင် မင်းသားချောလေးကျော်ထက်ဇော်နဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေ.သည်းသည်းလှုပ် ချစ်ခင်အားပေးကြတဲ့ ပြည်သူချစ်အနုပညာရှင်တွေပါပဲ..။

"မိုးကောင်းကင် အိပ်မက်" ဇာတ်ကားထဲမှာ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားပြီး ပရိသတ်တွေကို အချစ်ပိုစေခဲ့တဲ့ လတ်တလောမှာ ထုတ်လွှင့်ပြသနေတဲ့ "ကြယ်ကလေးရဲ့ကောင်းကင်" ဇာတ်ကားမှာလည်း မင်းတိမ်ယံနဲ့ ချစ်ပန်းအိမ် အဖြစ် ပြည်သူပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားထားပြန်ပါတယ်နော်..။

ပြည်သူ့အသည်းကျော် နှစ်ယောက် အတွဲညီညီနဲ့ သရုပ်ဆောင်ထားတဲ့ "ကြယ်ကလေးရဲ့ ကောင်းကင်" ဇာတ်ကားကတော့ ပရိသတ်တွေကို အကြိုက်တွေ့စေသလို ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကလည်း အားလုံးကို သဘောကျ အချစ်ပိုစေပြန်ပါတယ်..။

အခုတစ်ခါမှာလည်း မင်းသမီးချောလေး ပိုးကြာဖြူခင်က ရိုက်ကွင်းပေါ်မှာ ဆေးထိုးခံလိုက်ရတဲ့ မင်းတိမ်ယံရဲ့ အခွီပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် အမှတ်တရအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

"တင်လိုက်ပါပြီနော် မင်းတိမ်ယံ ကြောင်ချီးကုတ်ကြီး.." ဆိုပြီး ရိုက်ကွင်းပေါ်က အမှတ်တရ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေလိုက်တာပါနော်..။

ပရိသတ်တွေ စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှု့ အားပေးနေကြတဲ့ "ကြယ်ကလေးရဲ့ ကောင်းကင်"ဇာတ်ကားထဲမှာ ချစ်ပန်းအိမ်နဲ့ မင်းတိမ်ယံတို့ရဲ့ ရိုက်ကွင်းပေါ်က အခွီ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေမှာပါနော်..။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။