ပြည်သူချစ်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးတို့ဇနီးမောင်နှံဟာဆိုရင် ဇာတ်ကားတွေအတူတူတွဲရိုက်ရင်း နှစ်ကိုယ်တူမေတ္တာမျှကာ နှစ်ယောက်တစ်ဘဝလေးကိုတည်ဆောက်လိုက်ကြတာ ပရိသတ်ကြီးလည်းသိကြမှာပါနော်။မေမေအူဝဲရဲ့အလှတွေကိုယူထားတဲ့သမီးချောလေးရယ် အရမ်းချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ရယ်ကို ပိုင်ဆိုင်ထားနေပြီဖြစ်လို့ အူဝဲတို့မိသားစုဘဝလေးက သာယာချမ်းမြေ့လှပါတယ်နော်။

အူဝဲနဲ့ပြေတီဦးက အနုပညာလောကမှာ ယခုချိန်ထိအောင်မြင်ကျော်ကြားလူကြိုက်များနေပြီး ပရိသတ်တွေလက်ခံအားပေးရတဲ့ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး နားလည်မှုအပြည့်နဲ့တည်ဆောက်ထားကြလို့ ပရိသတ်တွေကတောင် အားကျနေရတာဖြစ်ပါတယ်။သားနဲ့သမီးနှစ်ယောက်ကိုလည်း လိမ္မာရေးခြားရှိစေပြီး ထက်မြက်တဲ့ကလေးလေးတွေဖြစ်အောင် ပြုစုပျိုးထောင်နေကြတာဖြစ်ပါတယ်။

သမီးကြီးလေးကတော့ ရိုးရိုးအေးအေးလေး နေထိုင်တတ်ပြီး လူကြီးဆန်တဲ့ကလေးလေးပါနော်။သားငယ်လေးဖိုးဓီကတော့ အငယ်ဆုံးလေးပီပီ မိဘနဲ့ညီအစ်ကိုမောင်နှမတွေပေါ်မှာ ချွဲတတ်ပြီး ချစ်စရာအမူအရာလေးတွေနဲ့အသည်းယားအောင်လုပ်တတ်သူလေးဖြစ်ပါတယ်နော်။အခုဆိုရင်လည်း သားငယ်လေးဖိုးဓီက ဖေဖေပြေတီဦးကို ညောင်းနေမှာဆိုးလို့ ခြေထောက်ကို သေချာနှိပ်နယ်ပေးနေကာ မေမေအူဝဲကတော့ "လိမ္မာလိုက်တဲ့ကလေးလေး"ဆိုပြီးချီးကျူးကာ သားငယ်လေးရဲ့ဗီဒီယိုကို မျှဝေထားပါတယ်နော်။

Source:Eaindra Kyaw Zin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။