အဆိုတော်မလေး ဆိုဖီယာကတော့ ထူးခြားတဲ့အသံပါဝါကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေးတစ်ဦး ဖြစ်ပါတယ် ။ ''Myanmar Idol'' သီချင်းဆိုပြိုင်ပွဲမှာကတည်းက ပရိသတ်တွေရဲ့အပြတ်အသတ် အားပေးဝန်းရံမှုကိုရရှိခဲ့တဲ့ ဆိုဖီယာက အခုချိန်မှာတော့ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ ဆိုဖီယာက သီချင်းအသစ်တွေလည်း ဖန်တီးနေသလို သူမရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။

ယုံကြည်မှုအပြည့်ရှိပြီး ညို့အားပြင်းတဲ့ အလှတရားတွေနဲ့ ဆိုဖီယာက ယောက်ျားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆိုဖီယာရဲ့ ပွဲတက်ပုံရိပ်အချို့က အတော်လေးရေပန်းစားနေတာ တွေ့ရပါတယ်။ ဆိုဖီယာက ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ''L'Oreal Paris'' ရဲ့ Red Carpet Show ပွဲကြီးကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဆိုဖီယာက အများနဲ့မတူ တစ်မူထူးခြားပြီး ခေတ်မှီဆန်းသစ်နေတဲ့ ဖက်ရှင်နဲ့ ပွဲတက်လာခဲ့တာကြောင့် မြင်သူတိုင်းက ငေးမောကြည့်ရှုခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ အနီရောင်ကော်ဇောထက်မှာ အရမ်းကို ထိထိမိမိလှနေတဲ့ ဆိုဖီယာက အားလုံးထဲမှာ ထင်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆိုဖီယာရဲ့ အမိုက်စားပွဲတက်ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Sophia Everest;

Photo Credit- Aye Zaw Moe & Min Mon Chan;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။