ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံရဲ့ ဇာတ်ကားပေါင်းများစွာကို ပရိသတ်ကြီးလည်းကြည့်ဖူးကြမှာပါနော်။သူမရဲ့အေးချမ်းတဲ့အလှလေးကလည်း မြင်ရသူတိုင်းစိတ်ချမ်းသာစေတဲ့အတွက် ပရိသတ်တွေကအားပေးချစ်ခင်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ သူမနဲ့တူတဲ့သားလေးတစ်ယောက်ရယ် ချစ်ခင်ပွန်းရယ်နဲ့အတူတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးမှာ စိတ်ချမ်းမြေ့စွာနေထိုင်နေတာဖြစ်ပါတယ်နော်။

မိုးယုစံကတော့ လက်တလောမှာ ပွဲအခမ်းအနားတွေကိုသာတက်ရောက်နေပြီး အနုပညာအလုပ်တွေနဲ့နည်းနည်းအလှမ်းဝေးနေပေမယ့် ဇာတ်ကားတွေပြန်လည်ရိုက်ကူးဖို့တော့ရှိပါတယ်နော်။မိုးယုရဲ့အလှအပတွေကလည်း ကလေးတစ်ယောက်မိခင်လိုထင်ရက်စရာမရှိအောင် ပျိုမျစ်နုနယ်တဲ့အလှတရားတွေကို ပရိသတ်ကြီးလည်းအတိုင်းသားမြင်တွေ့ရမှာပါ။ချစ်ခင်ပွန်းကလည်း မိုးယုကို အလိုလိုက်အကြိုက်ဆောင်လို့ အမြဲတမ်းစိတ်ချမ်းသာနေရတဲ့အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါနော်။

မိုးယုကသားလေးကိုလည်း ထူးချွန်တဲ့ကလေးဖြစ်အောင် သေချာပြုစုပျိုးထောင်နေသလို သားလေးဘေးနားမှာလည်းတစ်ချိန်လုံးနေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ သားသားတက်တဲ့ကျောင်းမှာ People impact myanmar ဆုပေးပွဲလေးကို မိုးယုကတက်ရောက်ခဲ့ပါတယ်နော်။ဆုပေးပွဲလေးမှာ သားသားလည်းဆုယူရတာကြောင့် မေမေမိုးယုကသားသားနဲ့အတူစင်ပေါ်တက်ပြီး ဆုယူခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။ 

Source:Moe Yu San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။