မြန်မာနိုင်ငံအတွက်ကြက်တောင်အားကစားပြိုင်ပွဲကနေနိုင်ငွအတွက်ရွှေတံဆိပ်တွေဆုဖလားတွေယူပေးနေတာကတော့သက်ထားသူဇာပဲဖြစ်ပါတယ်။သူကတော့နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုတွေများစွာယူပေးထားတဲ့ကစားသမားဖြစ်ပြီးကမ္ဘာမှာမြန်မာနိုင်ငံအလံကိုလွှင်ထူအောင်ကြိုးစားပေးနေတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

ခုမှာလည်းနိုင်ငံတစ်ကာပြိုင်ပွဲတွေတောက်လျောက်ယှဉ်ပြိုင်နေတဲ့သူမကတော့အိုင်ဗရီကို့စ်နိုင်ငံတစ်ကာကြက်တောင်ရိုက်ပြိုင်ပွဲမှာလည်းဗိုလ်စွဲသွားခဲ့ပြီဖြစ်ပါတယ်။ဆီမီးဖိုင်နယ်မှာအီရန်ကစားသမားကိုခက်ခက်ခဲခဲအနိုင်ယူပြီးနောက်ဆုံးဖိုင်နယ်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။သူကတော့ဒီဖိုင်နယ်ပွဲမှာလည်းကမ္ဘာ့အဆင့်၈၂ရှိတဲ့အိန္ဒိယကစားသမားကိုခက်ခက်ခဲခဲကစားပြီးအနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်သက်ထားသူဇာကတော့အာဖရိကနိုင်ငံနှစ်နိုင်ငံလုံးမှာယှဉ်ပြိုင်ခဲ့ပြီးပြိုင်ပွဲ၂ရပ်လုံးမှာချန်ပီယံဖြစ်ခဲ့ပါပြီ။သက်ထားသူဇာဟာအိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့လည်းကြိုးစားနေတာဖြစ်တာကြောင့်အိုလံပစ်ပါဝင်ခွင့်အတွက်အကောင်းဆုံးအခြေနေကိုပိုင်ဆိုင်သွားပါပြီ။ပရိသတ်တွေလည်းနိုင်ငံ့ဂုဏ်ဆောင်သက်ထားသူဇာကိုအားပေးကြပါဦးနော်။

Source:Thet Htar Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။