ပရိသတ်တွေရဲ့ အချစ်တော်လေးတွေထဲမှာ သရုပ်ဆောင်ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေး Liam လေးကလည်း ပရိသတ်တွေရဲ့ အသည်းကျော်လေးပါပဲ..။

ဆွဲဖစ်ချင်စရာ ပါးဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေအပြင် အသည်းယားစရာ လှုပ်ရှားမှု ဟန်ပန်လေးတွေကလည်း ပရိသတ်တွေကို အသည်းယားအချစ်ပိုစေတာပါနော်..။

ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ယွန်းလေးရဲ့ သားချောလေး Liam လေးဟာ မေမေယွန်းဝတီလွင်မိုးနဲ့အတူ ကြော်ငြာတွေလည်း ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော်..။

မကြာသေးခင်ကမှ မြန်မာပြည်ခဏပြန်လာတဲ့ ဖေဖေ မေမေ တို့နဲ့အတူ ကစားရင်း ပျော်နေတဲ့ Liam လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ဖွားဖွားတို့ကလည်း ပရိသတ်တွေကို မကြာခဏမျှဝေပေးလေ့ရှိပါတယ်နော်..။

အခုတစ်ခါမှာလည်း Liam လေးတစ်ယောက် ချီထားတဲ့ ဖေဖေ့လက်ပေါ်မှာ စကားပြောရယ်မောရင်း ပျော်နေတဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို မျှဝေထားတာမို့လည်း အားလုံးက အချစ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

Liam လေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲစောငိ့မျှော်ချစ်ခင်နေကြတဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူတို့သားအဖနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း အလွမ်းပြေလေး ပြန်လည်မျှဝေလိုက်တာမို့ သဘောကျနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo - Tin Nwe Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။