မိန်းကလေးတွေရဲ့ အိပ်မက်ထဲက စိတ်ကူးယဉ်မင်းသားလေးအပေါ် လက်မလျှော့ခင် ဒါလေးအရင်ဖတ်ပါဦး။ ဒီမိန်းကလေးကတော့ ဝေဖန်သူ၊ မုန်းတီးသူတွေကြားထဲက ကိုယ်ချစ်ရတဲ့သူနဲ့ လက်တွေ့လက်ထပ်ပြခဲ့တဲ့ အင်ဒိုနီးရှားကောင်မလေးပဲဖြစ်ပါတယ်။

သူမရဲ့နာမည်ကတော့ Vera Nanda Putriလို့ခေါ်ပြီး အခုချိန်မှာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားရသူပါ။ သူမဟာ ကိုရီးယားယဉ်ကျေးမှုကို သဘောကျလွန်းတာကြောင့် ကိုရီးယားကိုသွားပြီး ကိုရီးယားစာသင်ယူခဲ့ပါတယ်။ အဲအချိန်မှာပဲ ကိုရီးယားလူမျိုးဖြစ်တဲ့ Graphic Designer တစ်ယောက်ဖြစ်သူ Jun နဲ့ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ချစ်သူဖြစ်ပြီး လူမှုကွန်ယက်မှာ အတူတွဲတင်ခဲ့တဲ့ပုံတွေမှာ လူဝေဖန်တာ အင်မတန်ခံခဲ့ရပါတယ်။ သိပ်မချောတဲ့ ခပ်ဝဝအင်ဒိုနီးရှားမလေးနဲ့ စတိုင်ကျကျ ကိုရီးယားကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းကတော့ လူတိုင်းသံသယဖြစ်ပြီး ဝေဖန်ချင်စရာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ဝေဖန်မှုတွေကို လျစ်လျုရှုပြီး ဆက်လက် လက်တွဲခဲ့ပါတယ်။

တစ်ရက်မှာတော့ Jun ဟာ အင်ဒိုနီးရှားမှာရှိတဲ့ Veraရဲ့ ဖခင်ဆီဖုန်းဆက်ပြီး Veraကို လက်ထပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ မကြာခင်မှာပဲ Junနဲ့Veraဟာ အင်ဒိုနီးရှားကို အလည်အပတ်သွားပြီး Junဟာ Veraကို တရားဝင်လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို Feb 28, 2017မှာ တရားဝင်ကျင်းပခဲ့တာဖြစ်ပါတယ်။

Source : koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။