အမိုက်စားသီချင်းများကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုရုံသာမကပဲ သရုပ်ဆောင်ပိုင်းမှာပါ ပါရမီရှိလွန်းသူကတော့ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းများစွာဟာလည်း ယနေ့ထက်ထိလူငယ်တွေကြားမှာ ကြားနေရဆဲပါ။ တေးစီးရီးများစွာကိုလည်း ထွက်ရှိထားတာပဲဖြစ်ပြီး သီချင်းအသစ်များလည်း ထွက်ရှိနိုင်အောင် ကြိုးစားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

ဝေဖန်မှုများစွာကိုလည်း ကြံ့ကြံ့ခိုင်ကာအပြုံးမပျက်ဘဲ ရင်ဆိုင်ဖြေရှင်းတတ်တဲ့အချက်တွေကြောင့်လည်း ပရိသတ်တွေက လေးစားချီးကျူးနေရတာပါ။ အနုပညာများစွာကိုလည်းလုပ်ကိုင်နေရုံသာမကပဲ SAI Cosmetic ဆိုတဲ့ နာမည်နဲ့ မိန်းကလေးအလှကုန်ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း နှုတ်ခမ်းနီမလေးတွေအကြိုက်ဖြစ်တဲ့ Sai Tint Tint ဆိုတဲ့ lip Tatoo လေးတွေ ဖြန့်ချိရောင်းချနေပြီပဲ ဖြစ်ပါတယ်။  

မိန်းကလေးတွေကတော့ သူ့ရဲ့ စမတ်ကျလွန်းတဲ့ ဖက်ရှင်တွေကြောင့်လည်း ကြွေနေရတာပါ။ အခုတစ်ခေါက်မှာလည်း ပရိသတ်တွေမမြင်ဖူးတဲ့ ပုံရိပ်လေးတစ်ခုကို ချပြခဲ့တာပဲဖြစ်ပါတယ်။ ဒီပုံလေးကတော့ သူ့ရဲ့အိမ်နေရင်းဖက်ရှင်လေးပဲ ဖြစ်ပြီး သူ့ရဲ့ Instagram myday လေးမှာဝေမျှထားတာပါ။ ပရိသတ်တွေအတွက် စိုင်းစိုင်းရဲ့အိမ်နေရင်း ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Sai Sai Kham Leng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။