အိမ်ထောင်သက်တမ်း ၂၅နှစ်ကျော်ပြီဖြစ်တဲ့ စမိုင်းလ်တို့ ဇနီး၊ မောင်နှံဟာဆိုရင် ချစ်စရာသမီးလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။ စမိုင်းလ်က မြန်မာ့ဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘဲ မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စတွေကို ပို၍ အလေးပေးဆောင်ရွက်လာတာပါနော်...။ အနုပညာအလုပ်တွေ သိပ်မလုပ်ကိုင်ဖြစ်တော့ပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေကတော့ မလျော့သွားပဲ ချစ်ခင်ဝန်းရံမှုတွေက ခိုင်မြဲနေဆဲဖြစ်ပါတယ်...။

စမိုင်းလ်ဟာဆိုရင် ကလေးနှစ်ယောက်အမေလို့ မထင်ရလောက်အောင် ကျန်းမာနုပျိုနေပြီး gym ကိုလည်း စနစ်တကျနဲ့၊ အချိန်ပေးပြီး ဆော့လေ့ရှိတာဖြစ်ပါတယ်..။ မြန်မာမှုကို မြတ်နိုးတဲ့ သူမကတော့ နိုင်ငံခြား festival ပွဲတွေ သွားရောက်အားပေးတာတောင်မှ မြန်မာ့အင်္ကျီလေးနဲ့ သနပ်ခါးလေးလိမ်ပြီး နိုင်ငံခြားသား၊ သူတွေရဲ့လူပုံအလယ်မှာ ဝင့်ကြွားစွာ ဓာတ်ဖမ်းခဲ့ပါသေးတယ်...။ မြန်မာ့အကကိုလည်း စနစ်တကျ ကြိုးစားသင်ယူနေတဲ့ စမိုင်းလ်ရဲ့ ဗီဒီယိုရင်ဟာဆိုရင် social media ကွန်ယက်မှု ပျံ့နှံ့လျက်ရှိပြီး ဂုဏ်ယူလေးစားဖွယ်အားပေးကြရမှာပါ..။

"Sharing is Caring" ဆိုတဲ့ မိန်းကလေးတွေအတွက် ကျန်မားရေးလှပမှုဆိုင်ရာ ဝိတ်ချတာတွေနဲ့ ပတ်သက်တဲ့ စာအုပ်လေးကို ထုတ်ဝေထားပြီး အားပေးသူအများအပြားရရှိခဲ့ပါတယ်..။ စမိုင်းရဲ့ ခင်ပွန်းဟာဆိုရင်လည်း surprises တွေကို မကြာခဏလုပ်ပေးလေ့ရှိပြီး အရိပ်အောက်ကနေ ပြောက်မခံနိုင်အောင် ချစ်မြတ်နိုးတာကိုတွေ့ရမှာပါ..။ အပန်းဖြေခရီးတွေ ထွက်တာဝါသနာပါတဲ့ စမိုင်းလ်တို့မိသားစုဟာဆိုရင် ပြည်တွင်း၊ ပြည်ပခရီးတွေကို နေရာအနှံ့အပြား သွားရောက်လည်ပတ်လေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီး နာမည်ကြီး နေရာတော်တော်များများကို လည်ပတ်ပြီးကာ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါနော်..။ "Helicopter ကနေခြေထောက်အပြင်ထုတ်ပြီးဓါတ်ပုံရိုက်ရတဲ့အရသာက အမလေး ကြောက်ထာ..." ဆိုတဲ့ status လေးနဲ့ အတူ တင်ဆက်ပြသထားတဲ့ စမိုင်းလ်တို့ မိသားစုပုံရိပ်လေးတွေကို ပြန်လည်ဝေမျှလိုက်ပါတယ်...။

Source စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။