ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့မိသားစုလေးက အလှူအတန်းတွေဆိုလည်း သိန်းပေါင်းမြောက်များစွာကို မကြာခဏလှူဒါန်းနေကြတာကို ပရိသတ်ကြီးလည်း တွေ့မြင်နေရမှာပါနော်။နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေမလုပ်တော့ပေမယ့်လည်း သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ မင်းသမီးနန္ဒာလှိုင်ကို ရင်ထဲမှာ ထာဝရထားရှိထားကြတာဖြစ်ပြီး အနုပညာအလုပ်တွေပြန်လည်လုပ်ဆောင်ဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ မိသားစုလေးက သာယာပျော်ရွှင်ဖွယ်ကောင်းပြီး ချစ်စရာသမီးလေးသုံးယောက်ကလည်း အိမ်ရဲ့ဆည်းလည်းလေးတွေပါနော်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကလည်း ဇနီးနဲ့သမီးတွေအပေါ်ကို လိုလေသေးမရှိအောင်ထားပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်ကလည်း တစ်ဖက်တစ်လမ်းကနေ စီးပွားရေးလုပ်ဆောင်နေတာကြောင့် ဇနီးမောင်နှံနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်ညီပါတယ်နော်။

အခုဆိုရင်လည်း နန္ဒာလှိုင်တို့ ဇနီးမောင်နှံက ဇေကမ္ဘာကုမ္ပဏီမှဖော်ဆောင်လျက်ရှိသော ကျိုက်ထိုမြို့နယ်၊ ကင်ပွန်းစခန်းရှိGolden Rock Valley Shopping Complex စီမံကိန်းသို့သွားရောက်ပြီး ကြည့်ရှု့ကာ နန္ဒာလှိုင်ကတော့ "မနေ့ကသွားကြည့်တယ် အေးချမ်းလိုက်တာဘာသွားရောင်းရင်ကောင်းမလဲစိုက်ခင်းထဲကအသီးတွေခူးရင်းနဲ့ကြိုက်သလောက်စား ခူးလာတဲ့အသီးတွေကို kg နဲ့ချိန်ရောင်းမယ်"ဆိုပြီး ဈေးရောင်းဖို့အတွက် ကြည့်ရှု့နေကြတာပါနော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။