သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ ရုပ်ရည်ချောမောပြေပြစ်တဲ့အပြင် စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအပေါ်မှာ ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတးတာကြောင့် အားလုံးက ချစ်ခင်အားပေးနေကြတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စိန်ဘယက်ကြော်ငြာလေးနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့ သူရိယက အခုချိန်မှာတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူရိယတစ်ယောက် ဇာတ်ကားတွေရိုက်ကူးနေသလို ပရိသတ်တွေအတွက်လည်း အနုပညာလှုပ်ရှားမှုတွေ အဆက်မပြတ်တင်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း သူရိယက သူချစ်ရတဲ့ညီမလေးနဲ့အတူ ကာရာအိုကေမှာ ပျော်ပျော်ပါးပါး သီချင်းသွားဆိုရင်း Facebook မှာ Live လွှင့်ပေးခဲ့ပါတယ်။ သီချင်းဆိုရတာ ဝါသနာပါတဲ့ သူရိယတို့မောင်နှမနှစ်ယောက်ကာ စုံတွဲသီချင်းလေးတစ်ပုဒ်ကို အတူသီဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သူရိယတို့မောင်နှမနှစ်ယောက်က ပရိသတ်တွေကြားမှာ ယနေ့တိုင်အောင် ရေပန်းစားအောင်မြင်နေတဲ့ L လွန်းဝါနဲ့ ဆူဇီရဲ့ " စိတ်ညစ်မှာစိုး" ဆိုတဲ့ သီချင်းလေးကို အတိုင်အဖောက်ညီညီနဲ့ သီဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။ အသံကောင်းတဲ့သူတို့မောင်နှမနှစ်ယောက်ရဲ့ဗီဒီယိုလေးကိုတော့ ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သူရိယတို့မောင်နှမနှစ်ယောက်ရဲ့ သီချင်းဆိုဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thu Riya; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။