ဆေးကျောင်းသူလေး ပိုးမမှီသာဟာဆိုရင် နိုင်ငံကျော်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ "သင်္ဂါရ" သီချင်းဗီဒီယိုထဲမှာ ပါဝင်ခဲ့ပြီး လူသိများကျော်ကြားခဲ့တာဖြစ်ပါတယ်...။ "Sai cosmetix" ရဲ့ ပင်တိုင်ကြော်ငြာသူလေးဖြစ်ပြီး အနုပညာလောကထဲသို့ မော်ဒယ်လ်၊ သရုပ်ဆောင်အနေနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်..။ ပညာရေးဘက်မှာလည်း ထူးချွန်သူဖြစ်ပြီး မိဘစကားကိုလည်း နားထောင်တဲ့ သမီးအလိမ္မာ အနုပညာကြယ်ပွင့်လောင်းလေး လို့ဆိုရမှာပါ..။ ဒီဇိုင်းဆန်းလေးတွေကို အမြဲဝတ်ဆင်လေ့ရှိတဲ့ ပိုးမမှီသာဟာ ခေတ်လူငယ်ပီပီ ပေါ့ပါးလန်းစားနေတာဖြစ်ပါတယ်..။

ပိုးမမှီသာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ေြက်ာငြာမဂ္ဂဇင်းအများအပြားကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်..။ red carpet show တွေ၊ အခမ်းအနားဖွင့်ပွဲတွေမှာလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမော်ဒယ်လ်တွေက တစ်ဦးအပါအဝင်ဖြစ်ပါတယ်..။ ပိုးမမှီသာ သူငယ်ချင်းအပေါင်း အသင်းများပြီး အခုလက်ရှိမှာတော့ single တစ်ယောက်အဖြစ် ဘဝကြီးကို အေးချမ်းစွာ ဖြတ်သန်းနေတာပါနော်..။

ပိုးမမှီသာက ခေတ်လူငယ်ပီပီ social media ကွန်ယက်များဖြစ်ကြတဲ့ facebook နှင့် Instagram စာမျက်နှာတို့ကို အသုံးပြုလေ့ရှိပြီး သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာပါ..။ ပိုးမမှီသာက ဓာတ်ဖမ်းရတာဝါသနာပါပြီး ဂျင်းဘောင်းဘီ၊ ဂျင်း အင်္ကျီလေးတွေကို နှစ်သက်မြတ်နိုးသူဖြစ်ကြောင်း သူမရဲ့ ပုံရိပ်လေးတွေက သက်သေပြနေပါတယ်..။ Loreal ပွဲသို့လည်းတက်ရောက်ရပြီး ထိုပွဲမှာ ရိုက်ကူးခဲ့တဲ့ ပုံရိပ်တွေကို သူမရဲ့ official acc တွင် တင်ဆက်ထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Poe Mamhe Thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။