တိုင်းရင်းသူမင်းသမီးတစ်ယောက်ဖြစ်ပြီး သူမရဲ့ အသံဝဲဝဲလေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဆွဲဆောင်လေ့ရှိတဲ့ မင်းသမီး ခင်လေးနွယ်ကို သိကြမယ်ထင်ပါတယ်နော်..။ သူမဟာ အပျိုကြီးမမတစ်ယောက်ဖြစ်ပင်မဲ့ အခုအချိန်အထိ နုပျိုလန်းဆန်းသွယ်လျ လှပနေတာဖြစ်ပါတယ်...။တစ်ခေတ်တစ်ခါမြန်မာ ဗီဒီယိုလောကမှာအောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်မင်းသမီးခင်လေးနွယ်ဟာ အခုအချိန်ထိ ပရိသတ်များရဲ့တစ်ခဲနက်အားပေးမှု၊ ချစ်ခင်မှုကို သိမ်းပိုက်ထားဆဲဖြစ်ပါတယ်..။

မြန်မာ အင်္ကျီလေးတွေကိုနှစ်သက်မြတ်နိုးစွာ ဝတ်ဆင်လေ့ရှိပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်ညီညာအောင် လေ့ကျင့်ခန်းကို အချိန်မှန်မှန်နဲ့ ပြုလုပ်လေ့ရှိတာဖြစ်ပါတယ်..။ single ဘဝနဲ့ရပ်တည်နေပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာဘဝကြီးကိုဖြတ်သန်းနေတာမလို့ အမြဲ သူမကိုကြည့်လိုက်ရင် လန်းဆန်းနေတာပါနော်...။ ခရီးသွားဝါသနာပါတဲ့ သူမဟာဆိုရင် အပန်းဖြေခရီးတွေကိုထွက်လေ့ရှိပြီး ပင်လယ်ကမ်းခြေထက်က ရေကူးဝတ်စုံနဲ့ ပုံရိပ်လေးတွေဟာဆိုရင် တစ်ကယ့်ကို ရင်သက်ရှုမောဖွယ်ကောင်းလှပါတယ်..။

အနုပညာအလုပ်တွေကို သိပ်မလုပ်ကိုင်ဖြစ်ပေမယ့် ပရိသတ်တွေ အလွမ်းပြေ ကြည့်ရှုရအောင် photo shooting နဲ့၊ ကြော်ငြာမဂ္ဂဇင်းတွေကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိတာဖြစ်ပါတယ်..။ ခင်လေးနွယ်က ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook နှင့် Instagram တို့တွင် သူမရဲ့ fan တွေနဲ့ အဆက်အသွယ်မပြတ်ဘဲ ရင်းနှီးမှုတွေရရှိအောင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးနေတာဖြစ်ပါတယ်..။ ပရိသတ်တွေအပေါ် တလေးတစားဖော်ပြလေ့ရှိတဲ့ ခင်လေးနွယ်ကို ဆက်လက်အားပေးသွားကြပါနော်..။

Source Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။