အပျိုကြီးမအေးသောင်းတို့ကတော့ ပုံလေးတွေတင်လိုက်တိုင်း အမြဲတမ်းရင်ခုန်ချင်စရာ စကားလုံးတွေကိုရေးသားတတ်သူတစ်ယောက်ပါ။ အသက်သုံးဆယ်ကျော်လာပေမယ့် နှလုံးသားကတော့ နုနုလေးဆိုတာ သူမရဲ့စကားလုံးတွေက သက်သေပါပဲ။ ချစ်ဖို့ကောင်း လွန်းတဲ့ မန္တလာသူ ညိုချောလေးရဲ့စကားလုံးတွေအောက်မှာ အတုန်းအရုံးကျရှုံးသူ တွေ အများအပြားပါ။ သိပ်ကိုစကားတတ်တဲ့ အပျိုကြီးမမက သူမရဲ့ရင်ခုန်ဖွယ်ရာ ပုံရိပ်တွေ နဲ့ဖမ်းစားလို့ အားမရတဲ့အပြင် စကားလုံးအလန်းစားတွေနဲ့ပါ အပြတ်အသတ်ကိုချုပ်လွန်း ပါတယ်။

ငယ်စဉ်ကတည်းက အနုပညာအလုပ်ကို ရူးသွပ်စွာလုပ်ခဲ့ပြီး ခေတ္တအနားယူပြီး နောက်ပိုင်းမှာတော့ ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးဖြစ် တဲ့ " ရွှေလွန်းသံ " ပိုးထည်ကိုလည်း ဦးဆောင်နေပြီး သူမရဲ့အနုပညာအလုပ်တွေကို လည်း မလစ်ဟင်းရအောင် အမြဲတမ်းစေ့စပ်သူတစ်ယောက်ပါ။ ချစ်ရတဲ့ မန္တလာသား လေးကိုလည်း လွမ်းကြောင်းအမြဲလိုလို ရေးဖွဲ့တတ်တဲ့ အပျိုကြီးရဲ့အချစ်စကားလုံးတွေ အောက်မှာ ချစ်သူတစ်ယောက်တော့ အပြတ်အသတ်ကိုကြွေဆင်းနေမှာ အသေအချာ ပါပဲ။

သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်တွေကို " မင်းနဲ့အတူမသွားဖူးတဲ့နေရာမှာ မင်းကိုလွမ်းရတာ လည်း အရသာတမျိုးပါ ချစ်သူ။ 11:11 ရောက်တိုင်း 1 မိနစ်အတွင်းဆုတောင်းပါတယ်။ မင်းလည်းကိုယ့်လိုသတိရပါစေ။ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ဘယ်အချိန်ကြည့် ကြည့် ကျက်သရေရှိရှိ လှလွန်းနေတဲ့ အပျိုကြီးရဲ့ လုံးကြီးပေါက်လှပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။