သုသုလို့ အများက ချစ်စနိုးနဲ့ ခေါ်တဲ့ ဆောင်းဝတ်ရည်မေ ဟာဆိုရင် Mrtv-4 သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး ဇာတ်လမ်းတွဲများစွာ ပါဝင်သရုပ်ဆောင်ထားတာပါ..။ "အမုန်းမှသည်"၊ "ချစ်ခြင်းတရားတို့ရှိရာ" ဇာတ်လမ်းတွဲ တွေထဲမှာပါဝင်ထားပြီး သူမရဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် အချိန်တိုအတွင်းမှာပဲ အားပေးသူ အမြောက်အများရရှိခဲ့တာဖြစ်ပါတယ်..။ ဆောင်းဝတ်ရည်မေဟာဆိုရင် ဖက်ရှင်အလန်းလေးတွေကို ဝတ်ဆင်လေ့ရှိပြီး အပြုံးချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့် social media ကွန်ယက်မှာ အမျိုးသားပရိသတ်အများဆုံးရရှိထားတာဖြစ်ပါတယ်..။

ဆောင်းဝတ်ရည်မေဟာဆိုရင် အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေပြီး၊ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံ ရိုက်ကူးပေးလေ့ရှိတာဖြစ်ပါတယ်...။ ဆောင်းဝတ်ရည်မေဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေ ထွက်လေ့ရှိပြီး၊ ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း ရိုက်ကူးတင်ဆက်ပေးလေ့ရှိတာပါနော်...။ ပရိသတ်အချစ်တော် နေတိုးဟာဆိုရင်လည်း အကယ်ဒမီဆုများစွာကိုရရှိထားပြီး နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတာပါ...။

"နှစ်ပါသွား Update" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မင်းသားနေတိုးဟာ အခြားအနုပညာရှင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တို့အနေနဲ့ ရှုစားကြရတော့မှာဖြစ်ပါတယ်...။ ထိုဇာတ်ကားကြီးရဲ့ red carpet show သို့ ဆောင်းဝတ်ရည်မေဟာလည်း တက်ရောက်ခဲ့ပြီး ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ သူမရဲ့ idol "နေတိုး" နဲ့ တွေ့တဲ့အခါမှာ ရင်ထဲက ဖြစ်လာတဲ့ ခံစားချက်ကို myday တွင်ဖော်ပြထားတာပါနော်...။ ပရိသတ်ကြီးလည်း ကိုယ့်ရဲ့ idol နဲ့ တွေ့တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ရင်ထဲက ခံစားချက်တွေကို မန့်ပေးသွားပါဦး....။

Source Hsaung Wutyee May

Photo Credit A Linn Young 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။