ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာဘုရင်မလို့ပရိသတ်တွေကတင်စားထားကြတဲ့ အကယ်ဒမီထက်ထက်မိုးဦးဟာဆိုရင် သူ့ခေတ်သူ့အခါမှာ အရမ်းအောင်မြင်ပြီးနာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ထက်ထက်မိုးဦးကတော့ အခုဆိုရင် အနုပညာအလုပ်တွေကိုရပ်နားထားပေမယ့် ကြော်ငြာတွေနဲ့ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုတော့ တက်ရောက်နေတာတွေ့ရပါတယ်နော်။

ထက်ထက်မိုးဦးရဲ့ အနုပညာလှုပ်ရှားမှုတွေက နည်းနည်းခြေလှမ်းကျဲသွားပေမယ့်လည်း ပရိသတ်တွေရဲ့ရင်ထဲကိုစိုးမိုးထားနိုင်ဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိနေဆဲဖြစ်ပါတယ်။ထက်ထက်ကတော့ ရိုးရိုးရှင်းရှင်းနဲ့အေးချမ်းစွာနေထိုင်တတ်ပြီး သဘောမနောကောင်းသူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်နော်။

ထက်ထက်ကတော့ ဟိုးအရင်တုန်းကလည်း ဆံနွယ်ရှည်ရှည်နဲ့အရမ်းလှခဲ့တဲ့သူတစ်ယောက်ဖြစ်သလို အခုချိန်မှာဆိုရင်လည်း နုနယ်ပျိုမျစ်နေဆဲဖြစ်ပြီး ပြည့်ပြည့်လေးနဲ့အလှတွေက ကျန်ရှိနေဆဲဖြစ်ပါတယ်နော်။ပရိသတ်တွေကအရမ်းချစ်ခင်အားပေးရတဲ့ ထက်ထက်ရဲ့ တစ်ခေတ်တစ်ခါတုန်းကပုံရိပ်လေးတွေနဲ့ ယခုပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Myo Min Soe/Htet Htet Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။