အသံချိုချိုလေးနဲ့ဆွဲဆောင်လွန်းတဲ့ နန်းဆုတစ်ယောက် သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှလိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ အချိန်တိုင်းမှာ Fashionable ဖြစ်ပြီး ဆွဲဆောင်မှုတွေပြည့်လွန်းသူလေးတစ်ယောက်ပါ။ သွယ်လျတဲ့ခန္ဓာကိုယ်လေးက ချစ်စရာကောင်းလွန်းပြီး ကျစ်လျစ်တဲ့အချိုးအစားနဲ့ အပြုံးချိုချိုလေးတွေက အသက်။ G-Fatt တစ်ယောက် မမရဲ့အပြုံးတွေအောက်မှာ အပြတ်အသတ်ကျရှုံးပြီး မောင်ကြီးမခွာနိုင် ဖြစ်နေတာထင်ပါရဲ့နော်။

နှစ်ယောက်သားလက်တွဲခဲ့တဲ့ ကာလဟာလည်း နှစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ အဆင်ပြေသာယာတဲ့ အချစ်ကမ္ဘာလေးတစ်ခုကို အတူလက်တွဲပြီး တည်ဆောက်ထားကြတာပဲဖြစ်ပါတယ်။ မကြာခဏလည်းကတောက်ကဆဖြစ်သလို မကြာခင်မှာပဲ ပြန်ပြေလည်သွားတဲ့ ချစ်စရာစုံတွဲလေးပါ။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် support ပေးပြီး လိုက်ဖက်လွန်းတဲ့နှစ်ယောက်သားက ပရိသတ်တွေရဲ့ Idol Couple ဆိုလည်း မမှားပါဘူး။

Skin Treatment လုပ်ပြီး အပြတ်အသတ်တွေ လှသွေးကြွယ်နေတဲ့ သူမရဲ့ပုံရိပ်လေး တွေကို လူမှုကွန်ယက်ပေါ်မှာတင်လိုက်ပြီးနောက်မှာတော့ သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေရဲ့ ချစ်စာလွှာမှတ်ချက်လေးတွေကလည်း ဖတ်မိသူတိုင်းပြုံးချင်စရာ ကောင်းလွန်းနေပါတယ်။ ပရိသတ်တွေရဲ့အချစ်တော်လေး နန်းဆုရဲ့ အလှပဆုံးပုံရိပ်လေး တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။