မြန်မာနိုင်ငံအတွက်ကြက်တောင်အားကစားပြိုင်ပွဲကနေနိုင်ငွအတွက်ရွှေတံဆိပ်တွေဆုဖလားတွေယူပေးနေတာကတော့သက်ထားသူဇာပဲဖြစ်ပါတယ်။သူကတော့နိုင်ငံတစ်ကာပြိုင်ပွဲတွေမှာအောင်မြင်မှုတွေများစွာယူပေးထားတဲ့ကစားသမားဖြစ်ပြီးကမ္ဘာမှာမြန်မာနိုင်ငံအလံကိုလွှင်ထူအောင်ကြိုးစားပေးနေတဲ့ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

သူကတော့အာဖရိကနိုင်ငံတွေမှာကျင်းပခဲ့တဲ့ပြိုင်ပွဲ၂ခုလုံးမှာလည်းဗိုလ်စွဲခဲ့ပြီးအောင်မြင်မှုယူပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူကတော့ဒီပြိုင်ပွဲတွေကို လေ့ကျင့်ချိန်သိပ်မရှိပဲယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးလက်စွမ်းတွေပြသနိုင်ခဲ့ပါတယ်။သက်ထားသူဇာကတော့အိုလံပစ်ပြိုင်ပွဲတွေပြိုင်ဖို့ဆိုဒီလိုပြိုင်ပွဲတွေမှာအောင်မြင်မှုရဖို့လိုအပ်နေတာကြောင့်အကောင်းဆုံးကစားသွားခဲ့ပြီး အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အကောင်းဆုံးအခွင့်အရေးတွေပိုင်ဆိုင်သွားခဲ့ပါပြီ။

သူကတော့ဒီပြိုင်ပွဲတွေမှာဗိုလ်စွဲနိုင်ခဲ့တာကြောင့်ခုမှာတော့ကမ္ဘာ့အဆင့်၈၅ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။သက်ထားသူဇာကတော့ဒီပြိုင်ပွဲမတိုင်ခင်က ကမ္ဘာ့အဆင့်၁၀၁မှာရပ်တည်နေခဲ့တာလည်းဖြစ်ပါတယ်။အိုလံပစ်ပြိုင်ပွဲကိုတော့ကမ္ဘာ့အဆင့်၁၀၀အတွင်းဝင်သူတွေယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ဂျပန်နိုင်ငံမှာကျင်းပမယ့်အိုလံပစ်ပွဲကြီးကိုယှဉ်ပြိုင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

Photo:Thet Htar Thuzar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။