"အမုန်းမှသည်"၊ "ချစ်ခြင်းတရားတို့ရှိရာ" အစရှိတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ဇာတ်ရုပ်ပိုင်နိုင်စွာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချောလေး ဆောင်းဝတ်ရည်မေကို သိကြမယ်ထင်ပါတယ်..။ ဆောင်းဝတ်ရည်မေက ဖက်ရှင်အလန်းလေးတွေကိုဝတ်ဆင်လေ့ရှိပြီး ကိုးရီးယားမင်းသမီး တစ်ယောက်လိုချစ်ဖို့ ကောင်းနေတာပါ...။ အပြုံးချိုလေးတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း မာနမထားဘဲ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံတတ်သူမလို့ အားလုံးက ချစ်ခင်ဝန်းရံလျက်ရှိတာဖြစ်ပါတယ်..။ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အချိန်တိုအတွင်းမှာပဲ အောင်မြင်မှုများစွာကို ပိုင်ဆိုင်လာတာဖြစ်ပါတယ်...။

ဆောင်းဝတ်ရည်မေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေလက်ခံရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း ရိုက်ကူးပေးလျက်ရှိတာဖြစ်ပါတယ်..။ ဆောင်းဝတ်ရည်မေဟာ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပြန်လည်တင်ဆက်ပေးလေ့ရှိတာပါနော်...။ Red carpet show တွေ၊ ဖွင့်ပွဲအခမ်းအနားတွေမှာလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရှိ ထိပ်တန်းမော်ဒယ်လ်၊ သရုပ်ဆောင်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်..။

ဆောင်းဝတ်ရည်မေက social media ကွန်ယက်များဖြစ်ကြတဲ့ facebook နှင့် Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို ရင်းနှီးမှုတွေရရှိအောင် အစဉ်အမြဲဖော်ပြပေးလေ့ရှိတာပါနော်..။ အခုတစ်ခါမှာဆိုရင်လည်း "စိန်နန်းတော်" စိန်၊ ရွှေ၊ ရတနာဆိုင်မှာ ကြော်ငြာ ရိုက်ကူးထားပြီး ပုရိသတွေ စွဲမက်ဖွယ် ဆွဲဆောင်မှု ရှိလှတဲ့ပုံရိပ်လေးတွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Hsaung Wutyee May

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။