ပရိသတ်တွေတစ်ခဲနက်အားပေးခဲ့ရတဲ့ အကယ်ဒမီမင်းသားချော လွင်မိုးဟာဆိုရင် သမီးချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး ချစ်ဇနီးလေးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာပဲဖြစ်ပါတယ်။လွင်မိုးကတော့ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး အခုချိန်မှာဆိုရင် သမီးကြီးလေး ယွန်းဝတီလွင်မိုးကမွေးတဲ့ မြေးလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ ဖိုးဖိုးလွင်မိုးကတော့ မြေးလေးကိုထိန်းကျောင်းပြီး အေးချမ်းစွာနေထိုင်နေတာကိုတွေ့ရပါတယ်နော်။

လက်တလောမှာတော့ သမီးကြီး ယွန်းဝတီလွင်မိုးကလည်း ခဏပြန်လည်ရောက်ရှိနေပြီး မိသားစုစုံစုံလင်လင်နဲ့ ပျော်ရွှင်စရာအချိန်လေးတွေကိုကုန်ဆုံးနေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ လွင်မိုးကိုချစ်ခင်အားပေးတဲ့အပြင် သူ့ရဲ့မိသားစုကိုလည်း အရမ်းချစ်ကြပါတယ်နော်။Liam လေးကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အများအပြားပဲဖြစ်လို့ လွင်မိုးတို့မိသားစုက လူချစ်လူခင်ပေါများကြပါတယ်။

အခုဆိုရင်တော့ လွင်မိုးရဲ့သမီးငယ်လေး ယွန်းနဒီလွင်မိုးက မဇ္ဈိမဂုဏ်ရည်တောရရိပ်သာ(လှည်းကူး)မှာတရားစခန်းဝင်ရောက်နေတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ ဘာသာတရားကိုကိုင်းရှိုင်းတတ်အောင် မိဘတွေက သင်ကြားပေးထားလို့ နားလည်သိတတ်နေတာပါနော်။စင်္ကြန်လျှောက် တရားထိုင်ပြီး ကုသိုလ်ရေးတွေကို စိတ်နှစ်ပြီးလုပ်ဆောင်နေတဲ့ ယွန်းနဒီလွင်မိုးလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Lwin Moe/May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။