မော်ဒယ်လ်သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကိုဝင်ရောက်လာတာဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခက်နက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတဲ့ နန်းခင်ဇေယျာဟာဆိုရင် "Miss Myanmar 2012 winner" ဆုရှင်တစ်ဦးလည်းဖြစ်ပါတယ်...။ နန်းခင်ဇေယျာက ပုရိသတို့စွဲမက်ဖွယ်ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး စကားပြောဟန်ပြေပြစ်ချိုသာတာလည်းဖြစ်ပါတယ်။ သဘောထားပွင့်လင်းသူဖြစ်ပြီးချစ်စရာအမူအရာလေးတွေကြောင့် ဝန်းရံအားပေးသူ အမြောက်အများရှိကာ ဂျာမန်၊ အင်္ဂလိပ် နှစ်ဘာသာကိုကျွမ်းကျင်ပြီး Tour guide ဧည့်လမ်းညွှန်တစ်ယောက်အဖြစ်လည်း လုပ်ဆောင်ခဲ့တာပါ.....။

ရေကူးဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က ဆွဲဆောင်မှုရှိလှသောအလှပုံရိပ်လေးတွေကိုလည်း မကြာခဏဆိုသလို မြင်တွေ့ရမှာပါ။ ခေတ်ဆန်ဆန်ဝတ်စားဆင်ယင်တက်ပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးရိုးယဉ်ယဉ်လှပနေသူတစ်ယောက်အဖြစ် တွေ့ရှိရမှာပါ..။ အဆီပိုမရှိတဲ့ ခန္ဓာကိုယ်အချိုးအစားဖြစ်အောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ဆော့လေ့ရှိသူဖြစ်ပြီး ကစားနေတဲ့ဆွဲဆောင်မှုရှိရှိ အမိုက်စားပုံရိပ်တွေကိုလည်း ပရိသတ်တွေကြည့်ရှုခံစားရအောင် အမြဲပြသလေ့ရှိတာဖြစ်ပါတယ်...။

နန်းခင်ဇေယျာက ခေတ်လူငယ်ပီပီ social media ကွန်ယက်များဖြစ်ကြတဲ့ facebook နှင့် Instagram တို့တွင် ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိအောင်၊ အဆက်အသွယ်မပြတ်ရလေအောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "ဘယ်တစ်စုံဆို အဆင်ပြေနေလဲဟင်" ဆိုတဲ့ status လေးနဲ့တကွ ဆန်းသစ်တဲ့ မြန်မာဝတ်စုံလေးတွေဝတ်ဆင်ထားပြီး ဓာတ်ဖမ်းထားတာပါနော်..။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Nang Khin Zay Yar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။