မြန်မာ့လက်ရွေးစင်အသင်းမှာရောမြန်မာနေရှင်နယ်လိဒ်ကလပ်အသင်းဖြစ်တဲ့ ဧရာဝတီယူနိုက်တက်အသင်းမှာပါခြေစွမ်းပြကစားနေတဲ့ကျော်ဇင်လွင် ကတော့ပရိသတ်တွေရဲ့အချစ်တော်ကစားသမားပဲဖြစ်ပါတယ်။သူကတော့ဘောလုံးကို ငယ်ငယ်တည်းကရူးသွပ်ခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့်သူ့ရဲ့ကြိုးစားမှုတွေက ခုချိန်မှာပရိသတ်တွေ လက်ခံအားပေးတဲ့အထိ ကြိုးစားခဲ့တာဖြစ်ပါတယ်။

သူကတော့လက်ရှိ ဧရာဝတီယူနိုက်တက်အသင်းမှာလည်း အကောင်းဆုံးခြေစွမ်းတွေပြနိုင်တာကြောင့် အဓိကကစားသမားအဖြစ်ပွဲထွက်ခွင့် ရရှိနေတာဖြစ်ပါတယ်။လက်ရွေးစင်အသင်းမှာလည်း အကောင်းဆုံးကြိုးစားပြီး ပွဲထွက်ကစားခွင့်ရနေတာပါ။သူဒီလိုလက်ရွေးစင် ကစားသမားဖြစ်လာအောင်ကြိုးစားခဲ့တဲ့အကြောင်းလေးကိုလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ တင်ပေးခဲ့ပြီး ပရိသတ်တွေအားလုံးဝမ်းနည်းချီးကျူးခဲ့ကြတာပါ။

သူ့ရဲ့အားကျမခံကြိုးစားတဲ့စိတ်ဓာတ်လေးကြောင့်ခုချိန်မှာ ပရိသတ်ချစ်ကစားမားတစ်ယောက်ဖြစ်နေရပါပြီ။သူရဲ့ဘဝအကြောင်းလေးကိုရေးထားတဲ့စာလေးကတော့ "ငယ်ငယ်ကျွန်တော်အိမ်မှန်ဘောင်ထဲမှာ ကျွန်တော်အစ်ကိုရဲ့ တန်ဖိုးကြီးတဲ့ဖိနပ်လေးကိုအမေကသိမ်းထားတယ် ကျွန်တော်ကကလေးဆိုတော့အဲ့ဒီဖိနပ်လေးကို ခနယူစီးမိတယ်ကျွန်တော်စီးနေတဲ့အချိန်မှာကျွန်တော်အစ်မကမြင်တော့ ဟဲ့ နင်နဲ့အဲ့ဒီဖိနပ်နဲ့တန်လို့လားလို့အစ်မကပြောခဲ့တယ် ကျွန်တော်အစ်မကိုကျွန်တော်စိတ်မဆိုးဘူး အစ်မပြောလိုက်တဲ့စကားတခွန်းက ကျွန်တော်ကိုခွန်းအားဖြစ်စေခဲ့တယ်တစ်နေ့ကျွန်တော်လည်းအဲ့လိုအကောင်းစားဖိနပ်စီးရအောင် ကြိုးစားမယ်လို့ဆုံးဖြတ်ခဲ့တယ်

တစ်ခါတစ်လေမှာ စကားတခွန်းက ကို့အတွက်ခွန်အား ဖြစ်စေတယ်"ဆိုပြီးရေးသားခဲ့တာပါ။ပရိသတ်တွေလည်း သူ့ရဲ့အားကျဖွယ်စိတ်ဓာတ်လေးကိုလည်းအတုယူအားပေးကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။