ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သဘာဝကျကျနဲ့ သရုပ်ဆောင်ပိုင်နိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် ယွန်းရွှေရည်ကလည်း အပါအဝင်ပါပဲ..။

သဘာဝကျတဲ့ ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် စကားပြော ပွင့်လင်းတဲ့ သူမရဲ့ ဟန်ပန်ပုံရိပ်လေးတွေနဲ့ အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာလည်း ဖြစ်ပါတယ်နော်..။


ပရိသတ်တွေရဲ့ ရင်ထဲနေရာယူထားနိုင်တဲ့ ယွန်းရွှေရည်ကတော့ Tik Tok ဗီဒီယိုဖိုင်လေးတွေနဲ့လည်း ပရိသတ်တွေကို ဖမ်းစားထားပြီး အလှူအတန်းလေးတွေမှာလည်း ရက်ရောသူလေးလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း သီချင်းဆိုလို ရရှိထားတဲ့ အနုပညာကြေးငွေလေးတွေနဲ့ သူမရဲ့နားကပ်လေးတစ်ရံကို ကျိုက်ထိုမြို့မှာ တည်မယ့် စေတီတော်ကြီးမှာ ဌာပနာထည့်လှူခဲ့တယ်လို့ သိရပါတယ်..။


ယွန်းရွှေရည်ကတော့ ချစ်ပရိသတ်တွေနဲ့ သူမရဲ့ ကြည်နူးပီတိဖြစ်စရာ အလှူလေးကို ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပြန်လည်မျှဝေထားပြီး ဆုတောင်းစကားလေးတွေ တောင်းဆုပြုပေးထားပါသေးတယ်နော်..။

“သီချင်းဆိုတုန်းက (၇)ရက်သားသ္မီးတွေ ဆုချထားတဲ့ ငွေလေးတွေစုပြီးလုပ်ထားတဲ့ နားကပ်လေးကိုကျိုက်ထိုမှာတည်မဲ့ စေတီတော်ကြီးမှာ ဋ္ဌာပနာထည့်လှူခဲ့ပါတယ်ရှင့် ပြုသမျှကုသိုလ်ကို (၇)ရက်သားသ္မီးများအားလုံး ထပ်တူရကြပါစေရှင့် စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုတိုင်းတရနိုင်ကြပါစေရှင့်..” ဆိုပြီး ချစ်ပရိသတ်တွေကိုလည်း အသိပေး ကုသိုလ်လေးတွေ မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo - ယွန်းရွှေရည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။