အဆိုတော်မလေး ပိုပိုကတော့ ဂီတလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်ကျော်ကြားနေတဲ့ ငွေကြယ်ပွင့်လေး တစ်ယောက်ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို ပျော်ပျော်လည်းနေတတ်တဲ့ ပိုပိုက ပေါင်းသင်းဆက်ဆံရေးကောင်းသူလို့လည်း ဆိုနိုင်ပါတယ်။ ခင်မင်ဖော်ရွေတတ်တဲ့ ပိုပိုက ပရိသတ်တွေအားလုံးရဲ့ အခိုင်အမာ အားပေးဝန်းရံမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပိုပိုတစ်ယောက် အဆိုတော် ဆူဇီရဲ့မွေးနေ့ပွဲလေးကို သွားရောက်ရင်း မြင့်မြတ်တို့မိသားစုလေးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ မွေးနေ့ပွဲလေးကို လူစုံတက်စုံနဲ့ တက်ရောက်လာတဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကလေးချစ်တတ်တဲ့ ပိုပိုကတော့ မြင့်မြတ်ရဲ့သား ဂျင်းကောင်ပေါက်စလေးကို လက်ကမချနိုင်အောင် ချစ်မဝဖြစ်နေတာ တွေ့ရပါတယ်။

ပိုပိုက '' မမ ဆူဇီ မွေးနေ့ မှာ ကိုမြင့်မြတ်တို့ မိသားစုနဲ့တွေ့ တော့ သားသားလေးက ချစ်စရာကောင်းလိုက်တာ Happy birthday Ma ma Suzie '' ဆိုပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မြင့်မြတ်တို့မိသားစုလေးနဲ့ ပိုပိုကတော့ အရမ်းကို ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုနဲ့ မြင့်မြတ်တို့မိသားစုလေးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: ပိုပို; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။