ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်အလှပိုင်ရှင် ဟန်တီလေးကတော့ စကားပြောတဲ့အခါမှာလည်း ကလေးတစ်ယောက်လို အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့သူလေး ဖြစ်ပါတယ်။ ဟန်တီကတော့ သူမအနေနဲ့ Miss တစ်ယောက်မဖြစ်ခင်ထဲက အနုပညာလောကမှာ မော်ဒယ်တစ်ယောက်အဖြစ် နာမည်ရနေခဲ့သူလည်း ဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ပုရိသတွေရဲ့ အသည်းကိုခြွေချထားနိုင်သူလေးဖြစ်တဲ့ ဟန်တီကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဟန်တီဟာ Strong ဆိုတဲ့အင်္ဂလိပ်သီချင်းလေးကို Project K အဖွဲ့ဝင်တစ်ဦးနဲ့ ရိုဆန်ပြီး အတွဲညီညီဖျော်ဖြေနေခဲ့တာပဲ ဖြစ်ပါတယ်။

ဟန်တီကတော့ Lotte wedding show လေးမှာ ဒီဇိုင်နာ Shar tra ဝတ်စုံလေးနဲ့ Strong ဆိုတဲ့သီချင်းလေးကို ဆရာဖြိုးကြီးကPiano version အသစ်လေးတီးပြီး ဟန်တီကသီဆိုထားပါတယ်။ဟန်တီနဲ့တွဲဖက်ဖျော်ဖြေတင်ဆက်သူကတော့ Project K အဖွဲ့ထဲက ချမ်းမြေ့ဦး ခေါ် ထက်ဘုန်းနိုင်ပဲဖြစ်ပါတယ်" ဆိုပြီး ဗီဒီယိုလေးနဲ့အတူ ရေးသားထားရာ အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: ဟန်တီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။