ပရိသတ်ကြီးရေ အိမ်ထောင်ရှင်အမျိုးသမီးတွေနဲ့ မိန်းမပျိုလေးတွေအားကျရတဲ့ မော်ဒယ်လ် သန္တာလှိုင်ကတော့ အသက်၄၀ကျော်အရွယ်မှာတောင် ကျစ်လစ်သွယ်လျပြီးအဆီပိုကင်းဝေးတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာပါနော်။ဘိုဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ကို ပရိသတ်တွေကတော့ ဟိုးအရင်ကတည်းက သူမရဲ့ကြော်ငြာလေးတွေကနေတဆင့် အားပေးချစ်ခင်ခဲ့ရတာဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် သန္တာလှိုင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး အမျိုးသမီးတွေအတွက် ခန္ဓာကိုယ်လှပစေမယ့် လေ့ကျင့်ခန်းဗဟုသုတတွေကို ပြန်လည်မျှဝေပေးနေတာပဲဖြစ်ပါတယ်နော်။သန္တာလှိုင်က ပျော်ရွှင်စရာမိသားစုလေးကိုလည်းပိုင်ဆိုင်ထားလို့ လူတိုင်းအားကျရပြီး ပြီးပြည့်စုံတဲ့ ပျော်ရွှင်အေးချမ်းမှုတွေကိုရရှိနေတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ပါနော်။

သန္တာလှိုင်ကတော့ ချစ်ခင်ပွန်းနဲ့မင်္ဂလာဧည့်ခံပွဲမလုပ်ရသေးတဲ့အကြောင်းလေးကို"အော်.... ဒီနှစ်လဲ မင်္ဂလာဆောင်မယ်လို့ရည်ရွယ်ထားတာ ယတြာကြေသွားပြန်ပြီ... လက်မှတ်ထိုးထားတာ ၂ နှစ်ရှိပြီ အခုထိ ဧည့်ခံပွဲနဲ့ သေချာ မဆောင်နိုင်သေးပါဘူးရှင်"ဆိုပြီး ရွှေအဆင်းလိုလှပကျော့ရှင်းတဲ့ သတို့သမီးဝတ်စုံလေးဝတ်ပြီး ရှိုးလျှောက်ရလို့ ယတြာကြေသွားပြန်တဲ့ကြောင်းတွေကိုပြောပြလာတာဖြစ်ပါတယ်။

Source:Thandar Hlaing သန္တာလှိူင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။