sexy model လုလုအောင်ဟာဆိုရင် single mother တစ်ယောက်အနေနဲ့ လောကဓံကို ကြံ့ကြံ့ခိုင်စွာ ရင်ဆိုင်ဖြေရှင်းနေတာဖြစ်ပါတယ်..။ သမီးလေးတစ်ယောက်ရှိပြီး အနုပညာအလုပ်ကို သမာအာဇီဝ ကျကျ လုပ်ကိုင်စားသောက်နေတာဖြစ်ပါတယ်..။ ကလေးအမေတစ်ယောက် ဖြစ်ပေမယ့် ခန္ဓာကိုယ်အချိုးအစားဟာဆိုရင် ညီညာပြေပြစ်လှပြီး ကျစ်လစ်သွယ်လျနေတာပါနော်...။ social media လောကမှာ အမျိုးသားပရိသတ်တွေအများဆုံး လက်ခံရရှိထားပြီး လူငယ်ပရိသတ်တော်တော်များများက ဝန်းရံအားပေးလျက်ရှိပါတယ်...။ 

ခေးကြီးလု လို့ နာမည်တစ်လုံးနဲ့ အနုပညာလောကမှာ ရပ်တည်လာတာဟာဆိုရင် နှစ်အတော်ကြာပြီဖြစ်ပါတယ်..။ အောင်မြင်မှုတွေက မလျော့ကျသွားဘဲ သူမရဲ့ ခန္ဓာကိုယ်လှပအောင်ထိန်းသိမ်းမှု၊ အနုပညာကြိုးပမ်းမှုတွေကြောင့် တစ်ဆပြီးတစ်ဆ တိုးပွားလာတာပါ...။ လုလုအောင်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းအများအပြားကိုလက်ခံ ရိုက်ကူးထားပြီး သီချင်းဗီဒီယိုတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါနော်..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး သူမရဲ့ဇာတိမြို့သို့သွားရောက်လည်ပတ်တာကိုလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိပါတယ်...။

လုလုအောင်ရဲ့ ရေကူးကန်ထက်က ရေကူးဝတ်စုံလေးနဲ့ ပုံရိပ်လေးတွေဟာဆိုရင် နှစ်ခါပြန်ငေးရလောက်အောင်ပင်...။ လုလုအောင်က ခေတ်လူငယ်ပီပီ social media ကွန်ယက်များဖြစ်ကြတဲ့ facebook နှင့်၊ Instagram တို့တွင်သူမရဲ့ နေစဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိအောင်၊ အဆက်အသွယ်မပြတ်ရလေအောင် အချိန်နဲ့ တပြေးညီ ဖော်ပြပေးခဲ့တာပါ...။ Myanmarload ပရိသတ်ကြီးကလည်း သူမရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေကြည့်ရှုခံစားလို့ရအောင် ပြန်လည်မျှဝေပေးလျက်ရှိပြီး page ကို see first လုပ်ထားဖို့တော့ မမေ့နဲ့ဦးနော်...။

Source Lulu aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။