မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ မေတိုးခိုင်ကတော့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလှလှတွေရဲ့ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေးဖြစ်တဲ့ မေတိုးခိုင်က အဒေါ်ဖြစ်သူနဲ့ ရုပ်ချင်းဆင်တာကြောင့်လည်း ပရိသတ်တွေက ပိုချစ်နေရတာ ဖြစ်ပါတယ်။ အခုဆိုရင် မေတိုးခိုင်က တီတီအူဝဲနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မေတိုးခိုင်က တီတီအူဝဲတို့မိသားစုနဲ့အတူ ပြည်ပကို ရက်အတော်ကြာအောင် ခရီးထွက်ခဲ့ပါသေးတယ်။ ဒီခရီးစဉ်လေးမှာတော့ မေတိုးခိုင်က ကမ္ဘာ့အလှဆုံး ကမ်းရိုးတန်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Carrick a Rege Rope Bridge ကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ မေတိုးခိုင်က အရမ်းလှတဲ့ ကမ်းရိုးတန်းကြီးကိုနောက်ခံထားပြီး အလွင့်တလိုင်းပုံစံနဲ့ ဓာတ်ဖမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အခုလည်း မေတိုးခိုင်က " Northern Ireland မှာရှိတဲ့ ကမ္ဘာ အလှဆုံး ကန်းရိုးတန်းတွေထဲ မှာပါဝင်တဲ့ carrick-a-rede rope bridge (antrim coast) လေးမှာ iphone နဲ့ photoshoot ကောက်ဆွဲခဲ့တဲ့ အမှတ်တရ " ဆိုပြီး လူယောင်ဖန်ဆင်းတဲ့ နတ်မိမယ်လေးတစ်ပါးလို လှနေတဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စွဲမက်ဖွယ်ကောင်းတဲ့အလှပိုင်ရှင်လေး မေတိုးခိုင်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:May Toe Khine - မေတိုးခိုင်;

Photo Credit - byteapot

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။