ယိမ်းယိုင်နေတဲ့ လီဗာပူးအသင်း ကိုဥရောပရဲ့ အကြောက်စရာအကောင်းဆုံးဖြစ်အောင် ဥရောပ ချန်ပီယံ ဖြစ်အောင် အချိန်ယူတည်ဆောက်ခဲ့တဲ့ ကလော့ပ်ဟာ ချီးကျူထိုက်တန်သူဖြစ်ပါတယ်။ လူငယ်ကစားသမားတွေနေရာပေးတတ်တဲ့ ကလော့ပ်လက်ထပ်မှာ လီဗာပူးတိုက်စစ်မှူး စတားရစ်လဲ ထွန်းတောက်လာခဲ့ပေမယ့် ဒဏ်ရာပြသနာတွေကြောင့် နေရာမရခဲ့ဘဲ ယခုမှာတော့ လီဗာပူးကနေ ထွက်ခွာတော့မယ့်သူဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ တိုက်စစ်မှုး ဒန်နီရယ် စတားရစ်နဲ့ ဘယ်နောက်ခံလူ အယ်ဘာတို မိုရီနို တို့ဟာ ယခုရာသီ အကုန်မှာ အလွတ်ပြောင်းရွေ့ကြရတော့မှာ ဖြစ်ပါတယ်။ မိုရီနိုကတော့ ဗီလာရီးရဲအသင်းကိုပြောင်းရွေ့မှာဖြစ်ပြီး ဒန်နီရယ် စတားရစ်ကတော့ ပြောင်းမယ့်အသင်းမရှိသေးတာပဲ ဖြစ်ပါတယ်။

ယခုမှာတော့ ဒန်နီရယ် စတားရစ်အတွက် စိတ်ပျက်စရာကိစ္စတစ်ခု ကြုံတွေ့ခဲ့ရပါတယ်။စတားရစ်ဟာ တန်ဖိုးကြီးခွေးလေးကို ခိုးယူခံရတဲ့အပြင် အိမ်ကိုပါ ရိုက်ချိုးဖျက်စီးတာခံလိုက်ရတာပဲ ဖြစ်ပါတယ်။ သူခိုး၃ယောက်က ဝင်ရောက်ဖောက်ထွင်းခဲ့တာပဲ ဖြစ်ပြီး ဒန်နီရယ် စတားရစ်ရဲ့ ခွေးလေးကိုပါ ခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။

source: The Football Republic

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။