ကိုပါအမေရိပဘောလုံးပြိုင်ပွဲကြီးကတော့ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဘရာဇီးအသင်းကပဲ ပီရူးအသင်းကို ဂိုးပြတ်နိုင်ပွဲနဲ့ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့တစ်ခြားနာမည်ကြီးအသင်းတွေကတော့ပြိုင်ပွဲကနေစောစောစီးစီးထွက်ခဲ့ရတာဖြစ်ပါတယ်။

နာမည်ကြီးအာဂျင်တီးနားကတော့ ဘရာဇီးအသင်းကိုဆီမီးဖိုင်နယ်မှာ (၂-ဝ)ပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတာကြောင့် တတိယလုပွဲကစားပြီးတတိယနေရာသာရခဲ့ပါတယ်။ဒီပြိုင်ပွဲမှာအာဂျင်တီးနားရဲ့ ကမ္ဘာကျော်ကစားသမား မက်ဆီကတော့တတိယနေရာလုပွဲမှာ အနီကဒ်ကြောင့်ခုချိန်ထိတိုင်ဝေဖန်ခံနေရသူတစ်ဦးဖြစ်ပါတယ်။

မက်ဆီဟာ လက်ရွေးစင်အသင်းကနေအနားယူပြီး ပြန်ကစားခဲ့တဲ့ပြိုင်ပွဲကြီးမှာ အောင်မြင်မှုရဖို့ကြိုးစားခဲ့ပေမယ့် ကျရှုံးခဲ့ရတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းမှာ ဥရောကချန်ပီယံလိဒ်ဖလားတွေအကြိမ်ကြိမ်ရယူထားတဲ့သူကတော့နိုင်ငံအသင်းမှာတော့ ရုန်းကန်နေရတာဖြစ်ပါတယ်။ခုကိုပါအမေရိက ပြိုင်ပွဲအပြီးထုတ်ပြန်လိုက်တဲ့အကောင်းဆုံးကစားသမား၁၁ယောက်စာရင်းမှာလည်း မက်ဆီကတော့မပါဝင်ခဲ့ပါဘူး။ကမ္ဘာ့အကောင်းဆုတွေအကြိမ်ကြိမ်ရယူထားတဲ့မက်ဆီတစ်ယောက်အတွက်တော့ခုလိုမပါဝင်တာကပရိသတ်တွေကြားမှာဝေဖန်မှုတွေရှိလာခဲ့ပါပြီ။

SOURCE:For Sport Asia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။