သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်မရွေး သဘာဝကျကျနဲ့ ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ လူပျိုပေါက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တဲ့ မြင့်မြတ်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ မြင့်မြတ်က ချစ်ရတဲ့ဇနီးချောလေးအပြင် အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့သားလေးကတော့ ဖိုးဝရုပ်လေးလို မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းသူလေးဖြစ်ပြီး ပရိသတ်တွေကတော့ ဂျင်းကောင်ပေါက်စလေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ မနေ့ညကတော့ မြင့်မြတ်တို့ဇနီးမောင်နှံက သားလေးနဲ့အတူ မမဆူဇီရဲ့မွေးနေ့ပွဲကို တက်ရောက်ခဲ့ပါတယ်။ အဆိုတော် ဆူဇီရဲ့မွေးနေ့ပွဲလေးမှာ ပျော်ရွှင်နေတဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ အရမ်းကို ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။

ပွဲတက်လာသူတွေအားလုံးကတော့ ချစ်စရာကောင်းတဲ့ မြင့်မြတ်ရဲ့သားလေးကို ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။ သားလေးကိုချီပြီး သေသေချာချာ ဂရုစိုက်ပေးနေတဲ့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့မြင်ကွင်းလေးကတော့ ပရိသတ်တွေကိုတောင် ကြည်နူးပီတိဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဆူဇီရဲ့မွေးနေ့ပွဲကို တက်ရောက်ခဲ့တဲ့ မြင့်မြတ်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ju Jue Pan Htwar;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။