မျိုးဇော်ထွေးဘာဖြစ်တယ်ဆိုတာကတော့ လက်ရှိလူမှုကွန်ရက်မှာ လူစိတ်ဝင်းစားနေကြပါတယ်။

မိန်းကလေးဆိုတာ ပန်းတစ်ပွင့်ပါ

ပွင့်လန်းကာစအချိန်မှာ ယုံကြည်မှုကို ခုတုံးလုပ်

အချစ်အကြောင်း မသိနားမလည်ခင် ဆေးခပ်ကာ

ကာမကိုရယူ၊ ကာမယူရပြီးနောက် ထပ်တလဲလဲ

ခြိမ်းခြောက်ကာမရယူဖို့ အမြင့်မတင့်ပုံများရို်က်၊အဆိုပါ ပုံများ ဖြင့် ထပ်မံကာမရယူသူဆိုပြီး လူမှုကွန်ရက်မှာ ပြန့်နှံ့နေပါတယ်။

အဆိုပါ ကိစ္စနဲ့ပက်သတ်ပြီးတော့

"ကျွန်မဆိုတဲ့ ဒေါ်ခင်လင်းလင်းဖြူမှာ ပုဂ္ဂိုလ်စွဲ ပါတီစွဲ တစ်ခါဖူးမှ မရှိခဲ့ဖူးပါဘူး။ ကျွန်မလူတွေကို ခွဲခြားခဲ့တာ လူကောင်းနဲ့ လူဆိုး ဒီ (၂) ခုတည်းပါ။

လက်ရှိ NLD ပါတီဝင် ပုခုက္ကူမြို့ပေါ်က ပရဟိတ္တလုပ်တဲ့နေရာမှာ အလွန်အင်မတန်မှ နာမည်ကြီးသော အင်္ဂလိပ်စာဌါနက ကျောင်းဆရာဟောင်း ကလေးတွေကို ပရဟိတ္တကျောင်းဖွင့် စာသင်ပေးနေသူ။ သူ့မြို့နယ်က လူတွေ အလွန်အင်မတန်အားကိုး အားထားရသော ဦးမျိုးဇော်ထွေးဆိုတဲ့ ကလေးတစ်ယောက်အဖေ သူ့မိန်းမနဲ့ ကွဲနေတာပါလို့ သူ့တပည့်မလေးတွေ သိထားတဲ့ ကောင်မလေးတွေကြားထဲ လူတော် လူကောင်း လူအထင်ကြီးခံ လူသားတစ်ယောက်ဟာ အပေါ်ယံ ဟန်ဆောင်မျက်နှာဖုံးရဲ့အောက်က သူ့မျက်နှာ အစစ်ကတော့ .........

ဖေ့စ်ဘုတ်ပေါ်မှာ မိမိပတ်ဝန်းကျင်မှာ မိမိနီးစပ်ရာမှ တွေ့ထိသမျှ မိန်းကလေး အပျိုအရွယ် မလည်မဝယ် တောသူမလေးတွေကိုမှ တမင်ရွေးချယ် ရင်းနှီးအောင်ပြုပြီး မိတ်ဆွေအဖြစ် သူနဲ့တွေ့ဆုံတဲ့အခါ စိတ်ကြွဆေးတစ်ချို့သုံးကာ အပျိုမလေးတွေကို ပါကင်ဖေါက် ကာမရယူတတ်သူ မုဒိန်းကောင် တစ်ယောက်ဖြစ်နေခဲ့ပါတယ်ရှင့်။

သူ စားသုံးပြီးတဲ့ ကလေးမလေးတွေဟာ မှားမှန်းသိလို့ နောက်ဆုတ်ချင်တာတောင် နောက်ဆုတ်ခွင့်မပေး ဟိုတယ်မှာ အိပ်နေတဲ့ ကလေးမ ပုံတစ်ချို့ကို ကာယကံရှင်မသိအောင် ဓါတ်ပုံရိုက်ထားပြီး သူဆာတဲ့အခါတိုင်း ကလေးမတွေကို ဓါတ်ပုံတွေ ဖြန့်လိုက်ရမလားလို့ ခြိမ်းခြောက်ပြီး အကြိမ်ကြိမ်အခါခါ အလိုမတူဘဲ ကာမရယူခဲ့ပါတယ်တဲ့။

နောက်ဆုံး သူ့အကြောင်းဖေါ်မယ်လုပ်တဲ့ ကလေးမလေးတွေကို ပါးနားလှိမ့်ရိုက်ပြီး သူ့ကားထဲက ဓါးကိုပြလို့ ဓါးကြိမ်းကြိမ်းခဲ့ပါတယ်တဲ့လေ။ နောက်ဆုံးတော့ ကောက်ရိုးတစ်စအနေနဲ့ ညီမငယ်တစ်ယောက်ဟာ ကျွန်မကို ဆက်သွယ်လို့ရခဲ့ပါတယ်။ သူလက်ရှိတွဲနေတဲ့ သူဖျက်ဆီးလက်စ ကလေးမတောင် အမလက်ထဲမှာ သက်သေအနေနဲ့ အမျိုးသမီး ၆ ဦးရှိနေခဲ့ပါတယ်။ အရင်တုန်းက အဲ့ဒီ့လူ ဘယ်ရွေ့ဘယ်မျှသော မိန်းမပျိုလေးတွေကို ဖျက်ဆီးခဲ့မှန်း မသိခဲ့ရပါ။ အဲ့ဒီလို အမကို ဆက်သွယ် သက်သေတွေပို့ ဖေါ်ကောင်လုပ်တဲ့ ညီမငယ်လေးကို တားဆေးဝယ်တိုက်မယ်လို့ အကြောင်းပြပြီး ဒီနေ့က အိမ်တစ်လုံးမှာချုပ်လို့ မုဒိန်းကျင့်ခဲ့တာကို သက်သေအစုံအလင်နဲ့ သက်ဆိုင်ရာကို တိုငိတန်းအမှု့ဖွင့်နိုင်ခဲ့ပါပြီရှင့်။

အဲ့ အစော်ကားခံ ညီမလေးကို အကာအကွယ်ပေးပါ့မယ်ဆိုတဲ့ ကျွန်မကတိအတိုင်း ကျွန်မက အဲ့ကလေးမကို အမှောင်တောက ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ယနေ့ဘဲ ပခုက္ကူက ရဲစခန်းမှာ အဲ့ဒီ့လူကို ၃၇၆ မုဒိန်းမှု့နဲ့ လက်ရဖမ်းပြီး အမှု့စွဲတင်ခဲ့ပါပြီ။ NLD ပါတီမှ တာဝန်ရှိ အမတ်မင်းတို့ အဲ့လူယုတ်မာကို ဘယ်လိုများ အရေးယူပေးကြပါမလဲ စောင့်မျှော်နေပါတယ်ရှင့်။

By ခင်လင်းလင်းဖြူ" ဆိုပြီး ဒေါ်ခင်လင်းလင်းဖြူ ဖေ့ဘွတ်မှာတင်ထားပါတယ်။

တကယ်ကို ကြောက်စရာကောင်းလှပါတယ်။

ယုံကြည်မှုကို ဉာဏ်ပညာနဲ့ချိန်ထိုးယုံကြည်ကြပါ။

အဖြစ်ဆိုးလှတဲ့ အမျိုးသမီးတွေအတွက် စိတ်မကောင်းဖြစ်ရသလို အမျိုးသမီးတွေကို လေးစားကာကွယ်ပေးကြပါ။

Source: ခင်လင်းလင်းဖြူ ဖေ့ဘွတ်

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။