ကိုယ်ပိုင်တေးစီးရီးထွက်ရှိထားပြီး ပရိသတ်အားပေးမှုအပြည့်အဝရရှိနေတဲ့ အဆိုတော် မီးနိုတစ်ယောက် မကြာခင်မှာ " အိပ်မက်ချစ်သူ " ဆိုတဲ့ သူမရဲ့ Music MTV လေးကို ပရိသတ်တွေဆီ အရောက်ပို့ပေးတော့မှာပါ။ အိပ်မက်ထဲမှာတွေ့တဲ့ကောင်လေး တစ်ယောက်ကို ချစ်မိသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို စိတ်ကူးယဉ် ဆန်ဆန်ချစ်စဖွယ်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ သီချင်းနဲ့လိုက်ဖက်ပြီး ပရိသတ် တွေရဲ့အကြိုက်နဲ့လည်း ထပ်တူကျမှာအသေအချာပါပဲ။

သူမက Galaxy Star မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အသံချိုချိုလေးနဲ့ အားလုံးကိုဖမ်းစား နိုင်ခဲ့သူလေးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကလည်း သူမကို ပိုပြီးချစ်စေတဲ့အချက်တစ်ချက်ပါပဲ။ ဒီသီချင်းလေးမှာ တိုင်ရွန်နဲ့ သူမက အတူတူ သရုပ်ဆောင်ထားပြီး နှစ်ယောက်သားရဲ့ ပြောင်မြောက်တဲ့သရုပ်ဖော်မှုတွေနဲ့ အားလုံးရဲ့ စိတ်အာရုံတွေကို ဘယ်လိုဖမ်းစားမယ်ဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပေါ့ နော်။

ဒီသီချင်းလေးနဲ့ပက်သက်ပြီး " ဟေး အိမ်မက် ချစ်သူတို့ရေ အိပ်မက်လေးတစ်ခေါက် လောက်မမက်ဘူးချင်ဘူးလားအိပ်မက်ထဲမှာ ချစ်သူကောင်လေးတစ်ယောက်နဲ့ တွေ့ဖူး တာမျိုးမက်ဖူးကြလား Mee No ကတော့အိမ်မက်ကလေး မက်ပြီးသွားလို့ သီချင်းလေးထဲ မှာ ထည့်သိမ်းထားလိုက်မိတယ် တကယ်တော့ အိမ်မက်ထဲက အိမ်မက်ချစ်သူကို စွဲလမ်းနေတဲ့ကောင်မလေးဖြစ်နေမှန်းကိုယ့်ကိုကိုမသိလိုက်ဘူး သီချင်းရေးပေးထားတဲ့ အမ Glory chit ခံစားချက်နဲ့တစ်ကယ်လက်တွေ့ဘဝကကွက်တိ နော် အိမ်မက်ဆိုတာ တကယ့်လက်တွေဆန်တဲ့ အရာမျိုးမဟုတ်ပေမဲ့ တကယ့်လက် တွေ့ဘဝမှာတင် အိမ်မက်လိုမျိုးရှိခဲ့ဖူးကြတယ်မလား ခံစားချက်ခြင်းတူရင် shake လိုက်တော့ ဒီသီချင်း လေးကို လာမဲ့ ၁၂ ရက်နေ့ သောကြာနေ့မှာ music video ထွက် မယ်နော် အရမ်းချစ် တယ် အိမ်မက်ချစ်သူရယ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

Source - Mee No

Photo - Aung yel lin (Shane)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။