ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ယူကရိန်းသမ္မတ ဇေလန်စကီနဲ့ ဥရောပသမဂ္ဂခေါင်းဆောင် အချို့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

၎င်းဥရောပသမဂ္ဂခေါင်းဆောင်တွေကတော့ ဒေါ်နယ်တက်ခ် နဲ့ ပန်းကဲလိုယွန်းကာ တို့ပဲဖြစ်ပါတယ်။


သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ယူကရိန်းနိုင်ငံအတွင်းက ကိယက်ဗ်မြို့ကို လာရောက်ပြီး ယူကရိန်းသမ္မတနဲ့ တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

၎င်းတွေ့ဆုံမှုအတွင်းမှာတော့ ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ ယူကရိန်းသမ္မတကြားမှာ သဘောတူညီမှုတွေ ရရှိခဲ့ပါတယ်။

ထိုအရာတွေကတော့ ဥရောပသမဂ္ဂခေါင်းဆောင်တွေအနေနဲ့ စစ်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းနိုင်ငံအတွင်းက ဒေသတွေထံကို အထောက်အပံ့တွေနဲ့ ငွေကြေးအကူအညီတွေ ပေးအပ်သွားမယ်ဆိုတဲ့ သဘောတူညီမှုဖြစ်တယ်လို့သိရပါတယ်။

Source – Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။