မရိုးနိုင်တဲ့ဖက်ရှင်တွေနဲ့ ယနေ့ချိန်ထိပရိသတ်တွေရဲ့ချစ်ခြင်းတွေကိုရရှိထားသူကတော့ လက်ရှိအနုပညာလောကထဲမှာ ထိပ်တန်းစာရင်းဝင်မင်းသမီးတစ်ဦးဖြစ်တဲ့ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ချိုသာတဲ့အပြုံးလေးတွေဟာလည်း လူတိုင်းရဲ့ရင်ကိုအေးမြစေတာပါ။ ဒါ့အပြင် အကယ်ဒမီထူးချွန်ဆုတွေကိုလည်း များစွာပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။

အူဝဲရဲ့ပွဲတက်ဖက်ရှင်များဟာလည်း ဖက်ရှင်ဘုရင်မလို့ခေါ်ထိုက်ရအောင်ကိုလှရက်နိုင်လွန်းတဲ့ နတ်မိမယ်လေးတစ်ယောက်ပါ။ ဒါ့အပြင် ဖက်ရှင်နဲ့ပက်သက်တဲ့ဆုတွေလည်းအများအပြားရရှိထားသူပဲဖြစ်ပြီး ပရိသတ်တွေကိုဘယ်တော့မှမျက်နှာမငယ်ရအောင် စွမ်းဆောင်နိုင်လွန်းတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာတွင်လည်း ပရိသတ်တွေဗဟုသုတရစေမယ့်ဇာတ်ကားတွေကိုသာရွေးချယ်ရိုက်ကူးလေ့ရှိသူတစ်ယောက်ပါ။ 

ဒီနေ့မှာတော့ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ကြိမ်နှုန်း " ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ပွဲအခမ်းအနားကိုတက်ရောက်လာတာပဲ ဖြစ်ပါတယ်။ ဒီနေ့တက်ရောက်လာတဲ့ ပွဲတက်ဖက်ရှင်လေးဟာတော့ ကျက်သရေရှိလွန်းတဲ့အမျိုးသမီးတစ်ဦးသဖွယ်ဖက်ရှင်လေးနဲ့တက်ရောက်လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင်သူမရဲ့ပွဲတက်ဖက်ရှင်ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပြီး အားပေးကြည့်ရှုကြပါဦးနော်။

Source- Yoko Seriously and Our Princess Eaindra Kyaw Zin( Eu Wae)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။