Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးဟာ beautybynaychi Facebook Page မှာ ပရိသတ်များအတွက် အလှအပဆိုင်ရာအကြံဉာဏ်လေးတွေ မိတ်ကပ်ပြင်ဆင်နည်းတွေ အမြဲတင်ပေးနေတဲ့ အောင်မြင်တဲ့ Blogger တစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့ ရိုးသားပွင့်လင်းမှု ချစ်စရာကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့အချစ်ကိုရနေတဲ့ သူမဟာ မကြာသေးမီက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့တဲ့ပုံလေးတစ်ပုံကြောင့် ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ထသွားပါတယ်။

သူမကတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ

“နှုတ်ခမ်းမွှေးကို တခြားအချိန်ဆို

အထိတောင်မခံတဲ့ ဆရာသမားက

မနက်ဖြန် ဘုန်းကြီးဝတ်မယ်ဆိုတော့

ချက်ချင်းရိတ်ပစ်ရှာတယ်။

ဘဝမှာ

ဘုရား တရား သံဃာ မိဘ ဆရာ

ဆိုတဲ့ ရတနာ ငါးပါးကို

ပိုမို သက်ဝင်ယုံကြည်အောင်

ဦးဆောင်သင်ကြားပေးတဲ့ သူမိ်ု့

ဒီဘဝမှာ ပါရမီဖြည့်ရတာ

တကယ်တော့ ပီတိဖြစ်မိပါတယ်။

မလိုမုန်းတဲ့သူတွေ

အကုသိုလ် ပိုဖြစ်မှာစိုး၍သာ

စတေကာ ကပ်ရခြင်း ဖြစ်ပါကြောင်း “ လို့ရေးထားခဲ့ပြီးအောက်ပါပုံလေးကိုတင်ခဲ့တာကိုတွေ့ရပါတယ်။

သူမနဲ့အတူတွဲရိုက်ထားတဲ့ စတစ်ကာကပ်ထားခြင်းခံတဲ့သူကတော့ မိန်းကလေးများရဲ့ အသည်းစွဲ နာမည်ကျော်သရုပ်ဆောင်တစ်ဦးပဲဖြစ်တာမို့ ဘယ်သူလဲဆိုတာတော့ပရိသတ်ကြီးပဲခန့်မှန်းကြည့်ပါတော့။

Source: Nay Chi Oo facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။