ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုရရှိထားရုံသာမကပဲ ချစ်စရာကောင်းတဲ့သားလေးကိုပါ ပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းအနုပညာအလုပ်တွေကိုသိပ်မလုပ်ဖြစ်တော့ပဲ မိသားစုကိုသာအချိန်ပေးနေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပင်မယ့်လည်း သားလေးနဲ့အတူကလေးအသုံးအဆောင်ပစ္စည်းကြော်ငြာလေးတွေတော့ ရံဖန်ရံခါရိုက်ကူးနေတာပါ။ 

သားလေးဟာလည်း တစ်နေ့ထက်တစ်နေ့ချစ်ဖို့ကောင်းလာပြီး လိမ္မာရေးခြားရှိတာကြောင့်လည်း အချစ်တွေပိုနေရတာပါ။ ဒါ့အပြင် အသက်ငယ်သေးသော်လည်း ပညာရေးတွင်ထူးချွန်ထက်မြက်တာကြောင့်လည်း ဇနီးမောင်နှံနှစ်ယောက်လုံးကြည်နူးပီတိဖြစ်နေရတာပါ။ သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ရေးကံကောင်းတာကြောင့် လူတိုင်းကအားကျနေရတာပါ။  

သားလေးနဲ့ပက်သက်ပြီး ကလေးရဲ့လှုပ်ရှားမှုဗီဒီယိုလေးတွေကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ကားပိတ်နေချိန်လေးမှာတောင် ကားပေါ်မှာအရုပ်လေးတွေနဲ့ဆော့ကစားနေတဲ့ Peach Lay ရဲ့ဗီဒီယိုလေးကိုဝေမျှလိုက်ပြန်တာပဲ ဖြစ်ပါတယ်။ ကြည့်နေရင်းနဲ့အသည်းယားပြီးချစ်သွားစေမယ့် သားလေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Thinzar Nwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။